Connect with us

Videos

အရှေ့တောင်အာရှ ရှိ သိပ္ပံနည်းပညာ ထူးချွန်လူငယ်များအတွက် ဇီဝမျိုးကွဲ သုတေသန အင်စတီကျု ဖွင့်လှစ်

နေပြည်တော်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့် နည်းပညာ အကယ်ဒမီ ( Chinese Academy of Sciences) နှင့် မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ ပူးပေါင်း တည်ထောင်သည့် SEABRI (Southeast Asia Biodiversity Research Institute) တွင် အရှေ့တောင်အာရှမှ သိပ္ပံနှင့် နည်းပညာ ထူးချွန်လူငယ်များအား ဒေါက်တာဘွဲ့နှင့် မဟာဘွဲ့များ ဆက်လက် သင်ယူနိုင်စေရန် မွမ်းမံသင်တန်းများ ပို့ချပေးမည်ဖြစ်သည်။

SEABRI တွင် တိရစ္ဆာန် အပြုအမူနှင့် ဇီဝမျိုးစိတ်ကွဲများ၊ ရေနေ သတ္တဝါ ဇီဝမျိုးစိတ်ကွဲများ၊ တိုင်းရင်း ဆေးဝါးများနှင့် လူမျိုးစု အပင်များနှင့် အပင်မျိုးစိတ်ကွဲများ ဆိုင်ရာ လက်တွေ့စမ်းသပ်ခန်း လေးခန်းတို့ ပါဝင်ပြီး အရှေ့တောင်အာရှ ဒေသရှိ သိပ္ပံနှင့် နည်းပညာ ထူးချွန်သော လူငယ်များအား ခေါ်ယူလက်ခံ လေ့ကျင့်ပေးကာ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့များကို လည်းဆက်လက်သင်ယူနိုင်တော့မည်ဖြစ်သည်။

အဆိုပါ အင်စတီကျုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန် (Hong Liang) က “တရုတ် နိုင်ငံရဲ့ ပြင်းပြသောဆန္ဒ တစ်ခု အနေဖြင့် တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှ တစ်ဆင့် ခေတ်သစ် ပိုးလမ်းမကြီး (Belt and Road Initiative) လမ်းကြောင်း တစ်လျှောက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများအား တရုတ်နိုင်ငံရဲ့ အတွေ့အကြုံ တွေကို မျှဝေသွားလိုကြောင်း၊ ထို နိုင်ငံ များအား ပိုမို ကောင်းမွန်စွာ ဖွံ့ဖြိုး တိုးတက် စေလို ကြောင်း၊ ဒါဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနဲ့နည်းပညာ အကယ်ဒမီရဲ့ မြန်မာနိုင်ငံမှာ တည်ထောင်တဲ့ ပထမဆုံးသော ပူးပေါင်း ဆောင်ရွက်မှု ဖြစ်ပြီး အရှေ့တောင် အာရှမှာလည်း ဒါက ပထမဦးဆုံး ဖြစ် ကြောင်း ဆင်ဟွာနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.