Connect with us

Videos

အလိုအလျောက်မောင်းနှင်သည့်မော်တော်ယာဉ်များကို ထုတ်လုပ်တော့မည်

ပေကျင်း၊ ဧပြီ ၁ဝ ရက် (ဆင်ဟွာ)UISEE သည် အလိုအလျောက်မောင်းနှင်သည့်မော်တော်ယာဉ်များကို ထုတ်လုပ်ပေးသည့် တရုတ်နိုင်ငံ ပေကျင်းအခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၎င်းမှ ထုတ်လုပ်ထားသည့် မောင်းသူမဲ့ယာဉ်အား Consumer Electronic Show တွင် မိတ်ဆက်ခဲ့သည်။ အနာဂတ်ကမ္ဘာကြီးဟာ ဒီနေ့ခေတ်အချိန်နဲ့ အများကြီးကို ကွဲပြားခြားနားပါလိမ့်မယ်။ ၎င်းကို အာကာသယာဉ်တစ်ခုအဖြစ်စိတ်ကူးယဉ်ကြည့်လိုက်ပါ။

သင့်အိမ်နှင့် ရုံးအပြင် ၎င်းကို တတိယမျိုးဆက် ကမ္ဘာလို့လည်းခေါ်နိုင်ပါတယ်။ ၎င်းက သိပ်ကို နေချင့်စဖွယ်ကောင်းတဲ့နေရာတစ်ခုလဲဖြစ်ပါလိမ့်မယ်။ သင့်ယာဉ်ထဲမှာ ကော်ဖီဖျော်စက်ပါတယ်ဆိုတာမျိုး စိတ်ကူးကြည့်ပါ။ စီးနင်းနေရင်း နှင့်ပင် မိတ်ဆွေများနဲ့ကော်ဖီတစ်ခွက်လောက်သောက်နိုင်တယ်။ ပြီးတော့ ရွှေ့လျား ရုပ်ရှင်ရုံလေးတစ်ခုဖန်တီးနိုင်မယ်။ ယာဉ်ပေါ်မှာ screen တစ်ခုရှိပြီးသင်က ရုပ်ရှင်တွေကြည့်ရှုနိုင်မယ်။ သင့်ယာဉ်က သင့်ရဲ့ အလုပ်လုပ်ရာနေရာလဲဖြစ်အုန်းမယ်။ သင်က သင့်အပေါင်းအသင်းတွေနဲ့ video conference တွေခေါ်နိုင်မယ်။

သင့်အတွက် သီးသန့်နေရာလေးတစ်ခုကိုဖန်တီးနိုင်မယ်။ များစွာသော တီထွင်နိုင်မှုအကြံဉာဏ်ကောင်းတွေဟာ အဲဒီယာဉ်ထဲမှာ ထွက်ပေါ်လာပါလိမ့်မယ်။ ကျွန်တော်တို့က အဲဒါကို forward engineering approach လို့ အမည်ပေးထားပါတယ်။ အဲဒီယာဉ်ဒီဇိုင်းကို ရှိပြီးသားဒီဇိုင်းများပေါ်တွင်ထပ်မံပြုပြင်တီထွင်ခြင်းထက် အလိုအလျောက်မောင်းနှင်နိုင်အောင် အတွင်းထဲမှ အပြင်ဘက်သို့ ဒီဇိုင်းဆွဲထားပါတယ်။

ကျွန်တော်တို့ မှာ အဆင့် ၃ ဆင့်ခွဲထားပါတယ်။ နမူနာပြခြင်း၊ လက်တွေ့အသုံးပြုခြင်းနှင့် ထုတ်လုပ်ဖြန့်ချီခြင်း တို့်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ယာဉ်နမူနာပြခြင်းကို ပြုလုပ်ခဲ့ပြီး ဒီနှစ်မှာ အဓိက အရေးပါတဲ့ အပိုင်းဖြစ်တဲ့ လက်တွေ့အသုံးပြုမှုအတွက် ယာဉ်၁ဝ စီးကို မတူညီတဲ့ နေရာများတွင် ဥပမာအားဖြင့် ပြည်တွင်းစိတ်ဝင်စားမှုများသည့် အပန်းဖြေရိပ်သာ များ၊ တက္ကသိုလ်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနေရာများစသည့်နေရာတို့တွင် လက်တွေ့အသုံးပြုရန်ထုတ်လုပ်ထားပါတယ်။ အဲဒီ နမူနာ အသုံးပြုမှုမှတစ်ဆင့် သတင်းအချက်အလက်တွေစုဆောင်းရရှိနိုင်သလို software ပိုင်းနှင့် hardware ပိုင်းတို့တွင် အဖြေရှာနိုင်မှာဖြစ်ပြီး ၎င်းကိုလာမည့်နှစ်မှာ ထုတ်လုပ်ရောင်းချနိုင်ရန်ရည်ရွယ်ထားပါတယ်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.