Videos
အလိုအလျောက်လွှဲယမ်းတပ်ဆင်သည့် နောက်ဆုံးပေါ် တံတားတည်ဆောက်ခြင်း နည်းပညာ
ချုံချင့်၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းချုံချင့်တွင် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော Erhengxian စီမံကိန်း၏ Kuaisu လမ်းပိုင်းပေါ်ရှိ တံတားကြီးတစ်စင်းကို နောက်ဆုံးပေါ် အလိုအလျောက်လွှဲယမ်းတပ်ဆင်သည့် နည်းပညာအသုံးပြုကာ တည်ဆောက်ခဲ့ကြောင်းသိရသည်။ စုစုပေါင်း အလေးချိန်၂၁,၅၀၀ တန် ရှိသည့် ၎င်းတံတားကြီးကို အပိုင်း ၅ ပိုင်းခွဲကာ တည်ဆောက်ခဲ့ပြီး ထို အပိုင်း ၅ ပိုင်းကို လွှဲယမ်းတပ်ဆင်ရန် ကြာချိန် ၈၂ မိနစ်ခန့်ရှိခဲ့သည်။ တံတားတစ်ပိုင်းစီကို ၈၈ ဒီဂရီ အထိ လှည့်ပတ်ရင်း အချင်းချင်းချိတ်ဆက်မိပြီးနောက် ၃၈၃.၅ မီတာ အရှည်ရှိသည့် တံတားတစ်စင်းအဖြစ် ပုံပေါ်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ယခု စီမံကိန်းသည် လွှဲယမ်းတပ်ဆင်သည့်တံတား တည်ဆောက်ရေး စီမံကိန်းများထဲတွင် အရှုပ်ထွေးဆုံးစီမံကိန်းတစ်ခုဖြစ်ပြီး လွန်စွာ တိကျသည့်အတိုင်းအတာ များဖြင့် ချိန်သားကိုက်အောင်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)