Videos
အီကွေဒေါ ငလျင် သေဆုံးသူ ဦးရေ မြင့်တက်
ကွီတို ၊ ဧပြီ ၁၈ ရက် ( ဆင်ဟွာ )
ဧပြီ ၁၈ ရက် နေ့ နေ့လည်ပိုင်း အထိ ရရှိထားသော သတင်းများအရ အီကွေဒေါ နိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူ ၂၄၆ ဦး နှင့် ဒဏ်ရာရသူ ၂၅၂၇ ဦးထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း အီကွေဒေါ ဒုတိယ သမ္မတ က ပြောကြားသည်။
ငလျင်လှုပ်ခတ်ပြီးပြီးခြင်း ငလျင်ဒဏ်ခံရသည့် နေရာအနှံ့အပြားတွင် သေဆုံးသူ ၁၈၉ ဦးထိ ရှိကြောင်း နှင့် အပျက်အစီးပုံများကြားတွင် ပိတ်မိနေသော အသက်ရှင်ကျန်ရစ်နေသူများကို ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ဦးစားပေးလုပ်ဆောင်နေကြောင်း Pedernales မြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒုသမ္မတက ထည့်သွင်းပြောကြားခဲ့သည်။
အီကွေဒေါနိုင်ငံတွင် ငလျင်ဒဏ်ကြောင့် နိုင်ငံတွင်းရှိ ပြည်နယ် ၆ ခုကို အရေးပေါ် အခြေအနေကြေညာ ထားရပြီး စစ်တပ်နဲ့ရဲတပ်ဖွဲ့အင်အား ၁၄ဝဝဝ ဖြင့် ၎င်းဧရိယာအတွင်း လှည့်လည်၍ ကယ်ဆယ်ရေး လုပ်ငန်းများပြုလုပ်နေသည်။
အီကွေဒေါနိုင်ငံသို့အမေရိကန်ပြည်ထောင်စု နှင့် မက္ကဆီကို နိုင်ငံများမှ လူသားချင်းစာနာမှုအကူအညီများ စတင်ပေးပို့နေပြီး ဖြစ်သလို စပိန်နိုင်ငံသို့ရောက်ရှိနေသော အီကွေဒေါ လူမှု အဖွဲ့အစည်းများကလည်း ငလျင်ဒဏ်ခံစားနေရသည့် အီကွေဒေါနိုင်ငံသို့ကူညီထောက်ပံ့မှုများစတင်ပြုလုပ်နေပြီဖြစ်သည်။ အီကွေဒေါ အစိုးရအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၃ဝဝ အသုံးပြုသွားမည်ဟု ပြောဆိုထားသည်။ ( Xinhua )