Videos
အီကွေဒေါ နိုင်ငံတွင် ပြင်းအား ရစ်ချ်တာ စကေး ၇.၈ ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်
အီကွေဒေါ၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)
ပြင်းအား ရစ်ချ်တာ စကေး ၇.၈ ရှိ အင်အားပြင်း ငလျင် တစ်ခုသည် အီကွေဒေါနိုင်ငံ ကမ်းရိုးတန်း အနီးကို ဧပြီလ ၁၆ ရက်က ရိုက်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒဆိုင်ရာ စစ်တမ်း လေ့လာရေး (USGS) က ဖော်ပြခဲ့သည်။
အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် သေဆုံးသူ ဦးရေသည် ၄၁ ဦး အထိ မြင့်တက်လာခဲ့ကြောင်း အီကွေဒေါ ဒုတိယသမ္မတ Jorge Glas ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းမီဒီယာ တစ်ခု က ဖော်ပြခဲ့သည်။
ယင်းငလျင်သည် အီကွေဒေါ နိုင်ငံ ကမ်းရိုးတန်း အနီး အနက် ၁၉ ကီလိုမီတာ ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း USGS က ဖော်ပြချက်အရ သိရပြီး ငလျင်သည် ပြင်းအား ၇.၄ ဖြင့် စတင် လှုပ်ခတ်ရာမှ နောက်ပိုင်းတွင် ပြင်းအား ၇.၈ ဖြစ်လာကြောင်း သိရသည်။
ပစိဖိတ် ဆူနာမီ သတိပေးမှု စင်တာက အချို့ကမ်းရိုးတန်းများတွင် အန္တရာယ် ကြီးမားသည့် ဆူနာမီ လှိုင်းလုံးများ ဖြစ်လာနိုင်ကြောင်း ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားသည်။
အီကွေဒေါ နိုင်ငံသည် မီးတောင် ပေါက်ကွဲမှု နှင့် ငလျင် လှုပ်ခတ်မှု အြကိမ် အရေအတွက် များပြားသည့် ဒေသတွင် တည်ရှိကြောင်း သိရသည်။ (Xinhua)