Videos
အီဂျစ်နိုင်ငံ၏ ဖြုတ်ချခံသမ္မတ မော်စီ တရားရင်ဆိုင်စဉ်သေဆုံး
ကိုင်ရို၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံ၏ သမ္မတဟောင်း မိုဟာမက်မော်စီ (Mohamed Morsi) သည် သူလျှိုမှုနှင့်တရားစွဲခံရပြီး ဇွန်လ ၁၇ ရက်က တရားရုံးတွင် စစ်ဆေးခံနေရစဉ် သေဆုံးသွားခဲ့ကြောင်း နိုင်ငံပိုင် Ahram သတင်းဌာနက ၎င်း၏ ဝက်ဘ်ဆိုဒ်တွင် သတင်းဖော်ပြခဲ့သည်။
ဒေသခံမီဒီယာ၏ ဖော်ပြချက်အရ သမ္မတဟောင်း မော်စီသည် နှလုံးရောဂါခံစားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
၎င်းသည် ကိုင်ရိုပြစ်မှုဆိုင်ရာတရားရုံးတွင် အခြားသူ ၂၂ ဦးနှင့်အတူ အမှုပြန်လည်ကြားနာစစ်ဆေးမှု ခံယူနေခြင်းဖြစ်သည်။
မော်စီသည် ပြည်ပနိုင်ငံများအား သူလျှိုလုပ်ပေးမှုအတွက် အကျဉ်းထောင်တွင် ၂၅ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရသည်။
မော်စီက နိုင်ငံ၏ လျှို့ဝှက်ချက်များအား အကြမ်းဖက် အဖွဲ့အစည်းများအား ဖွင့်ထုတ်ခဲ့ကြောင်း တရားရုံးတွင် စွဲချက်တင်ခဲ့ကြောင်း သိရသည်။ (Xinhua)