Connect with us

Videos

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် သိပ္ပံဘာသာတွဲမှ အမှတ်အမြင့်ဆုံး အဖြစ် ၅၆၂ မှတ် ရရှိ

ရန်ကုန် ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

နိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းအား ထုတ်ပြန်ခဲ့ရာတွင် ၆ ဘာသာ ဂုဏ်ထူးဖြင့် အမှတ်အများဆုံး ရရှိမှုမှာ သိပ္ပံဘာသာတွဲမှ ဖြစ်ပြီး ရမှတ် အမြင့်ဆုံးအဖြစ် ၅၆၂ မှတ် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနမှ သိရသည်။

တက္ကသိုလ်ဝင် စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် ၆ ဘာသာ ဂုဏ်ထူးရှင် ၁၀ ဦးအနက် ရမှတ် အမြင့်ဆုံး အဖြစ် ၅၆၂ မှတ်ဖြင့် အများဆုံး ရရှိခဲ့ပြီး ဝိပ္ပံဘာသာတွဲဖြင့် အမှတ် အများဆုံး ရရှိသူ ဂုဏ်ထူးရှင်များအနက် ရမှတ် အမြင့်ဆုံးမှာ ၆ ဘာသာ ဂုဏ်ထူးဖြင့် ၅၄၇ မှတ်ဖြင့် အများဆုံး ဖြစ်ကြောင်း ၊ ဝိဇ္ဇာဘာသာတွဲဖြင့် အမှတ် အများဆုံး ရရှိသူ ဂုဏ်ထူးရှင်များ အနက် ရမှတ် အမြင့်ဆုံးမှာ ၄ ဘာသာ ဂုဏ်ထူးဖြင့် ၄၉၁ မှတ်ဖြင့် အများဆုံး ရရှိခဲ့ကြောင်း သိရသည်။

ယခု ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆိုသူ ၆၃၆,၂၃၇ ဦးရေ ရှိသည့် အနက် အောင်မြင်သူ ၁၉၀,၃၈၈ ဦး ရှိခဲ့ပြီး ဘာသာအလိုက် ဂုဏ်ထူး ပါရှိမှုမှာ ၆ ဘာသာ ဂုဏ်ထူး ပါရှိသူ ၈၉၃ ဦးသာ ရှိပြီး စုစုပေါင်း ဂုဏ်ထူးဖြင့် အောင်မြင်သူ ၄၇,၀၂၄ ဦး ရှိကြောင်း သိရသည်။
ထို့ပြင် စာမေးပွဲ ဖြေဆိုသူ ဦးရေမှာ များပြားသော်လည်း အောင်မြင်မှု ရာခိုင်နှုန်းမှာ ယခင်နှစ်ကထက် နည်းပါးပြီး ယခုနှစ်တွင် ၂၉.၉၂ ရာခိုင်နှုန်းသာ ရှိနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.