Connect with us

Videos

၂၀၂၀ နှင့် လူမှုကွန်ရက် ဂယက် ဆိုရှယ်မီဒီယာဖိုရမ် ၂၀၁၉ ကျင်းပ

ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

၂၀၂၀ နှင့် လူမှုကွန်ရက် ဂယက် ဟူသော ဆိုရှယ်မီဒီယာဖိုရမ် ၂၀၁၉ ကို Pan Pacific ဟိုတယ်၌ ကျင်းပခဲ့ပြီးလူမှုကွန်ရက် က ရရှိနိုင်သည့် ကောင်းကျိုးများကို မြှင့်တင်၍ ဆိုးကျိုးများအား လျှော့ချနိုင်ရန်အတွက် နယ်ပယ်အသီးသီးက အောင်မြင်ကျော်ကြားသူများ နှင့် ပညာရှင်များက ထိုဖိုရမ်တွင်ဝိုင်းဝန်းအဖြေရှာခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတရုံးက ကြီးမှူး၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး စကားဝိုင်းဆွေးနွေးပွဲအစီအစဉ် နှစ်ခုလည်း ပါဝင်ခဲ့သည်။ လူမှုကွန်ယက် တွင်ကောင်းကျိုးရှိသကဲ့သို့ ဆိုးကျိုးများလည်းရှိကြောင်း၊ ထို့ပြင် Cyber Bullying များ လည်းယခုနောက်ပိုင်းတွင် ပိုမိုများပြားလာခဲ့ကြောင်း၊ ငွေညှစ်မှုများ၊ ဖေ့ဘွတ် ကဲ့သို့ ဆိုရှယ်မီဒီယာပေါ်တွင် နာမည်ကြီးသူများအတွက် ဟက်ကာများ၏ အကောင့်ဟက်၍ လျှို့ဝှက်ချက်ဖော်ထုတ်မှုများလည်း ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။

လူမှုကွန်ရက် ကောင်းကျိုး၊ ဆိုးကျိုး၊ စိန်ခေါ်မှုများနှင့် ဖြေရှင်းရန် အဆိုပြုချက်များ ဆိုသည့် စကားဝိုင်း ဆွေးနွေးပွဲတွင် ဦးဆောင်မေးမြန်းသူ အဖြစ် Information Matrix ကုမ္ပဏီရဲ့ စီအီးအို ဦးသောင်းစုငြိမ်း၊ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီအေးမြတ်သူ၊ မိတ်ကပ်ပညာရှင် မထက်(Pop Soul)၊ မော်ဒယ်ဟန်တီ၊ Social Influencer များဖြစ်သည့် အရည်ကြို၊ မဖြိုးဖြိုးအောင်တို့ ပါဝင် ဆွေးနွေးခဲ့ကြသည်။

မြန်မာ့လူမှုကွန်ရက် အပြုသဘော ဘယ်လိုမြှင့်တင်မလဲ ဆိုသည့် စကားဝိုင်းဆွေးနွေးပွဲတွင်ဦးဆောင်မေးမြန်းသူအဖြစ် 7Day TV ရဲ့ အစီအစဉ်တင်ဆက်သူ မဆွေမာသိန်းလွင်ကဆောင်ရွက်ခဲ့ပြီး AYA Bank , Digital Banking ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးချစ်ထွန်းဖေ၊ Rakuten Viber ရဲ့ Business Development Manager ဦးနေရဲအောင်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးက အငြိမ်းစားညွှန်ကြားရေးမှုး ဒေါ်မော်မော်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မှုခင်းရဲတပ်ဖွဲ့က ရဲမှူးကျော် သူဝင်းနှင့် Information Matrix ကုမ္ပဏီ၏ စီအီးအို ဦးသောင်းစုငြိမ်းတို့ ပါဝင်ဆွေးနွေးကြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူ သန်း၂၀ ခန့်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.