Videos
၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပွဲ တွင် အစွမ်းပြခဲ့သည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်
ပေကျင်း၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)
၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ အားကစားပွဲများကို ရုရှား၊ ဘဲလာရုစ်၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်နှင့် ဥဇဘက်ကစ္စတန် စသည့်နိုင်ငံများ ၌ ဩဂုတ် ၂၃ ရက်မှ စက်တင်ဘာ ၅ ရက်အထိ ကျင်းပခဲ့သည်။
ပြိုင်ပွဲအမျိုးအစား ၆ မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ တပ်ဖွဲ့ဝင် စုစုပေါင်း ၂၆၀ ဦးအပါအဝင် နိုင်ငံနှင့်ဒေသပေါင်း ၃၀ ကျော်မှ အရာရှိ အရာခံ အကြပ်စစ်သည်ပေါင်း ၅၀၀၀ ကျော် တို့ လည်းပါဝင်ခဲ့သည်။
အမျိုးသားကာကွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှယ်ဖလှယ်နိုင်မှု ခိုင်မာစေရန် နှင့် နှစ်ဘက် တပ်မတော်အချင်းချင်း အပြန်အလှန်နားလည်မှုတိုးမြင့်စေရန် အဆိုပါ ပြိုင်ပွဲများကို ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
ပြိုင်ပွဲများသည် နိုင်ငံအသီးသီးမှ ကြည်းရေလေ တပ်မတော်သားများ၏ အရည်အချင်းများကို အကဲဖြတ်အမှတ်ပေးသည့် စိတ်ဝင်စားဖွယ် အံ့မခန်း ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲများဖြစ်ခဲ့ကြသည်။
ယခု video သည် နိုင်ငံတကာ စစ်ဖက်ဆိုင်ရာအားကစားပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တပ်မတော်သားများ၏ ပွဲစဉ်များကို ကောက်နှုတ်စုစည်းတင်ဆက်ထားခြင်းဖြစ်ပါသည်။ (Xinhua)