Connect with us

Videos

၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာပန်းမျိုးစုံအနုပညာအရောင်းပွဲ ကို ကင်ညာနိုင်ငံတွင်ကျင်းပ

နိုင်ရိုဘီ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာပန်းမျိုးစုံအနုပညာအရောင်းပွဲ ကို ကင်ညာနိုင်ငံ နိုင်ရိုဘီ တွင် ဇွန်လ ၈ ရက်နေ့ က ၁ဝ ရက်နေ့အထိ ကျင်းပခဲ့သည်။ ၃ရက်ကြာကျင်းပသည့် အဆိုပါ ပွဲ ကို ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၆ဝကျော် ရှိ ပန်းအလှဖန်တီးသူအနုပညာရှင် ၂ဝဝ ကျော်တို့ က ၎င်းတို့ ဖန်တီးထားသည့် ပန်းအနုပညာများကို လာရောက်ခင်းကျင်းရောင်းချခဲ့ကြသည်။ ကင်ညာ ပန်းအနုပညာဋ္ဌာနခွဲသည် နိုင်ငံခြားဝင်ငွေအများဆုံး ရှာဖွေပေးရာ ဋ္ဌာန တစ်ခုဖြစ်ပြီး အရောင်းပွဲတော်အတွက် အသုံးပြုရန် ဝန်ထမ်းပေါင်း ၅သိန်းကို တိုက်ရိုက် ခန့်ထားပြီး ကမ္ဘာ့အနှံ့ဝန်ထမ်းပေါင်း ၆သန်းခန့်ဖြင့် အလုပ်လုပ်ကိုင်သည့်ဋ္ဌာနဖြစ်သည်။ကင်ညာ စိုက်ပျိုးရေး ဝန်ကြီးဋ္ဌာန ၏ အဆိုအရ လွန်ခဲ့သည့် နှစ်ပေါင်း၅ဝ အတွင်း ပန်းလုပ်ငန်းမှာ ၁ဝ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့သည်။ ၂ဝ၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာပန်းမျိုးစုံအနုပညာအရောင်းပွဲတွင် ပြသထားသည့် ပန်းများ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၆၃ဝ အထိရှိသည်။ ယခုနှစ် တွင် ဒေါ်လာ သန်း၅၅ဝ ပိုမိုတိုးပွားလာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.