Videos
၇ ကြိမ်မြောက် ဟောင်ကောင် နဂါးနှင့်ခြင်္သေ့ အက ပွဲတော် ကျင်းပ
ဟောင်ကောင်၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)
ဟောင်ကောင်၏ ၇ ကြိမ်မြောက် နဂါးနှင့်ခြင်္သေ့ အက ပွဲတော်ကို ၂၀၁၇ ခုနှစ်၏ ပထမဆုံးနေ့ ဖြစ်သော ဇန်နဝါရီလ ၁ ရက်တွင် ကျင်းပခဲ့ပါသည်။ ဖျော်ဖြေ တင်ဆက်သူပေါင်း ၂၀၀ ကျော်က ဟောင်ကောင်၏ ကျင်းရှကျွေး ကန်တုန် လမ်းမကြီးပေါ်တွင် စုဝေးကြပြီး ပျော်ရွှင်ငြိမ်းချမ်းသော နှစ်သစ်ဖြစ်ရန် နဂါးနှင့်ခြင်္သေ့ အက ဗုံ၊ လင်ကွင်း တီးခတ်မှုတို့နှင့် အတူ ဆုတောင်း လှည့်လည်ခဲ့ကြပါသည်။
ထိုပွဲတော်ကို ၂၀၁၁ ခုနှစ်က ငွေရေးကြေးရေး အကျပ်အတည်း ရိုက်ခတ်မှု ဒဏ်ခံခဲ့ရသည့် ဟောင်ကောင် ခရီးသွား လုပ်ငန်းကို ပြန်လည် မြှင့်တင်နိုင်ရန် ရည်ရွယ်၍ စတင်ကျင်းပခဲ့ပါသည်။ ပွဲတော် ကျင်းပမှု အစဉ်အလာ ရှင်သန်လာပြီး နှစ်စဉ် ဆက်လက်ကျင်းပလာရာ နိုင်ငံတကာတွင် ထင်ရှားသော ဟောင်ကောင်၏ အထိမ်းအမှတ် ပွဲတော် တစ်ခု ဖြစ်လာခဲ့ပါသည်။
ယခုနှစ်တွင် ပွဲတော်ကျင်းပရေးကော်မတီက နဂါးနှင့်ခြင်္သေ့အကကို နိုင်ငံတကာမှာ ပိုမိုထင်ရှားစေရန် အမေရိကန်၊ ယူကေ၊ သြစတြေးလျ၊ စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ် စသည့် နိုင်ငံများတွင်ပါ တပြိုင်နက်တည်း ကျင်းပခဲ့သည်။ နိုင်ငံတကာရှိ တရုတ်လူမျိုးလူငယ်များ ရိုးရာယဉ်ကျေးမှုကို ပိုမို စိတ်ဝင်စားလာစေရန် ရည်ရွယ်ကြောင်း လည်းသိရသည်။ (Xinhua)