Connect with us

Videos

၆၉နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ နိုင်ငံတော် သမ္မတ သဝဏ်လွှာပေးပို့

နေပြည်တော်၊ ဇန်နဝါရီ ၄ရက်(ဆင်ဟွာ)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို တိုင်းရင်းသားပြည်သူအားလုံးက မျက်မှောက်ပြု ကြရန်အထူးအရေးကြီးဟု နိုင်ငံတော် သမ္မတ ဦးထင်ကျော်က (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သောသဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။

ယနေ့ဆိုလျှင် မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးရရှိခဲ့သည်မှာ (၆၉)နှစ်

ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း လွတ်လပ်ရေးရရှိပြီးနောက် အတိတ်သမိုင်းတွင် မိမိတို့တိုင်းရင်းသား ညီရင်းအစ်ကို မောင်ရင်းနှမများအကြားအကြောင်းအမျိုးမျိုးကြောင့် သံသယများ၊ ပဋိပက္ခများပေါ်ပေါက်ခဲ့ရသည့်အတွက် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုကိုအဟန့်အတားဖြစ်စေခဲ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

နေပြည်တော်၌ ယနေ့ကျင်းပသော (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့နိုင်ငံတော် သမ္မတ ဦးထင်ကျော် ပေးပို့သောသဝဏ်လွှာကို ဒုတိယ သမ္မတ ဦးမြင့်ဆွေက ဖတ်ကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.