Videos
၈၅ မီတာ အမြင့်ရှိ အပူချိန်ထိန်းတာဝါကြီးအား ဘေးပတ်ဝန်းကျင် အထိအခိုက်မရှိစေဘဲ ဖြိုချဖျက်ဆီး
ဟဲပေ၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) ဘာသာပြန်နှင့်တည်းဖြတ် /စုဝင့်
တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ် ရှီကျားကျွမ်းမြို့တွင် အပူချိန်ထိန်းတာဝါကြီး တစ်ခုအား ဒေသတွင်း အပူစွမ်းအင်ထုတ်လုပ်ရေးကုမ္ပဏီ က ဖြိုချဖျက်ဆီးခဲ့သည်။ မျှော်စင်ကြီးမှာ ၈၅ မီတာအမြင့်ရှိပြီး အလေးချိန် ၈,၄၀၀ တန် ရှိသည်။ ၎င်းသည် ရထားလမ်းနှင့် ၁၆ မီတာအကွာ နှင့် မြို့လူနေထူထပ်သည့်နေရာနှင့် ၄၆ မီတာ အကွာတွင်တည်ရှိပြီး လုပ်ငန်းစဉ်များဆောင်ရွက်ရန်အခက်အခဲ ပိုမိုများပြားလာသောကြောင့် ထိုသို့ဖြိုချခြင်းဖြစ်သည်။
မဖြိုချမီ အနီးကပ် စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ပြီးနောက် ပြီးခဲ့သည့် တနင်္လာနေ့ မနက်အစောပိုင်းတွင် ဖြိုချဖျက်ဆီးခဲ့သည်။ ထိုသို့ဖြိုချဖျက်ဆီးရာတွင် ဒေသခံများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်များနှင့် ပတ်ဝန်းကျင် တို့ ကို လုံးဝ အန္တရာယ်မဖြစ်စေဘဲ ဖြိုချဖျက်ဆီး နိုင်ခဲ့ကြောင်းသိရသည်။ (Xinhua)