Videos
၉/၁၁ ဖြစ်စဉ်၏ နစ်နာသူများအား အာဖဂန်နိုင်ငံ၏ပိုင်ဆိုင်မှုများဖြင့်အလျော်ပေးမည့် ဘိုင်ဒန်၏ ဆုံးဖြတ်ချက် မတရားကြောင်း အာဖဂန်တာဝန်ရှိသူတစ်ဦး ဆို
ကဘူးလ်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)
တာလီဘန်အစိုးရ၏ ဒုတိယ ပြောခွင့်ရသူ Inamullah Samangani က ၉/၁၁ တိုက်ခိုက်မှု ဖြစ်စဉ် ၌ နစ်နာခဲ့သူများကို အာဖဂန်နစ္စတန်နိုင်ငံ၏ ပိုင်ဆိုင်မှုများဖြင့်အလျော်ပေးမည့် အမေရိကန်နိုင်ငံ၏ ဆုံးဖြတ်ချက်မှာ တရားမျှတမှုမရှိကြောင်း ဖေဖော်ဝါရီ ၁၃ ရက်က ဝေဖန်ပြောဆိုလိုက်သည်။
၂၀၂၁ ဩဂုတ်လတွင် ၎င်းတို့၏တပ်များကို အာဖဂန်ကနေ ဆုတ်ခွါလိုက်ပြီးနောက် အမေရိကန်နိုင်ငံရှိ အာဖဂန်နစ္စတန်နိုင်ငံ ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ နီးပါးအား ပိတ်ပစ်ခဲ့သောကြောင့် စီးပွားရေးအကြပ်အတည်းများပိုမိုဆိုးဝါးလာခဲ့ပြီး စစ်ဒဏ်သင့် အာရှနိုင်ငံ အာဖဂန်ကို ဆင်းရဲတွင်းနက်စေခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သော အမိန့်တစ်ခု၌ ဘိုင်ဒန်က အဆိုပါ ပိုင်ဆိုင်မှုထဲမှ ဒေါ်လာ ၃.၅ ဘီလီယံအား ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်၌ ထိခိုက်ခဲ့ရသော နစ်နာသူများအတွက် ခွဲဝေချထားရန် နှင့် နောက်ထပ် ၃.၅ ဘီလီယံဒေါ်လာကို တာလီဘန်အုပ်ချုပ်ရေးအဖွဲ့နှင့် သဘောတူညီမှုရယူခြင်းမရှိဘဲ အာဖဂန်နစ္စတန်နိုင်ငံသားများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ခွဲဝေရန် ကြေညာခဲ့သည်။ (Xinhua)
…………………………
(English Version)
GLOBALink | Biden’s decision to compensate 9/11 victims with Afghan assets unfair: official
KABUL, Feb. 14 (Xinhua) — Deputy spokesperson for the Taliban government Inamullah Samangani on Sunday criticized Washington’s “unfair” decision to compensate the victims of 9/11 terrorist attacks with Afghanistan’s assets.
Following the pullout of its troops from Afghanistan in August 2021, the United States has frozen nearly 10 billion U.S. dollars worth of assets of Afghanistan’s central bank, which worsened the economic crisis and poverty in the war-torn Asian country.
In a decree issued on Friday, Biden reportedly ordered the allocation of 3.5 billion dollars from the assets as damage to the victims of the 9/11 terrorist attacks and diverted 3.5 billion more dollars to the Afghans as humanitarian aid, without the consent of the Taliban-run administration.
Produced by Xinhua Global Service