Connect with us

Videos

2016 ကမ္ဘာ့စက်ရုပ်များပြပွဲကျင်းပ

ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

“တီထွင် ဆန်းသစ်ပူးပေါင်းကြိုစားခြင်းဖြင့် ဉာဏ်ရည်မြင့်မားကောင်းမွန်သောအသိုင်းအဝိုင်းတည်ဆောက်မှု ဆီသို့” ဟူသည့်ခေါင်းစဉ်ဖြင့် 2016 ကမ္ဘာ့စက်ရုပ်များပြပွဲကို တရုတ်နိုင်ငံပေကျင်းတွင် အောက်တိုဘာလ ၂၁ ရက်နေ့မှ အောက်တိုဘာလ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသည်။

ထိုပြပွဲတွင် အထူးတီထွင်ဆန်းသစ်ထားသည့် စက်ရုပ်များကို ပြသခဲ့ကြသည်။ အချို့စက်ရုပ်များမှာ စက်ရုံအလုပ်ရုံများစက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်ကြပြီး အချို့မှာ ဖျော်ဖြေရေးလုပ်ငန်းများ၊ အားကစားလုပ်ငန်းများနှင့် အိမ်မှုကိစ္စများ ကလေးထိန်းခြင်းများကိုပင်ပြုလုပ်နိုင်သည့်စက်ရုပ်အမျိုးအစား စုံလင်စွာကို ပြပွဲတွင်ပြသထားခြင်းဖြစ်သည်။ ထို့အပြင်လူ့အသက်ကို ကူညီကယ်ဆယ်ပေးနိုင်သည့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြု စက်ရုပ်များကိုပါ တီထွင်အသုံးပြုနေပြီဖြစ်သည်။

ဆေးပညာလုပ်ငန်းသုံး စက်ရုပ်များကို Remebot ကုမ္ပဏီမှ ၂ဝ၁ဝ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ပြီး အာရုံကြောခွဲစိတ်မှုအမျိုးမျိုးတွင်ဆရာဝန်များကို ကူညီပေးလျက်ရှိကာ ယခုဆိုလျင်တရုတ်နိုင်ငံရှိ ဆေးရုံပေါင်း ၅ ရုံတို့တွင် အဆိုပါ remebot စက်ရုပ်များကို ထည့်သွင်းအသုံးပြု ကုသလျက်ရှိပြီဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.