Connect with us

Videos

2019 CICEE ပွဲတွင်ပြသခဲ့သည့် စက္ကန့် ၅ဝ အတွင်း ဥမင်တူးဖော်သည့် စက်ယန္တရားကြီးများ

ချန်းရှ၊ မေ ၂၂ ရက်(ဆင်ဟွာ)

၂ဝ၁၉ ခုနှစ် ချန်းရှ အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများပြပွဲ CICEE ကို တရုတ်နိုင်ငံရှိ ချန်းရှမြို့တွင် မေလ ၁၅ ရက်နေ့က စတင်ဖွင့်လှစ်ကျင်းပခဲ့ရာ ထိပ်သီး ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းပေါင်း ၁၁၅ဝ ကျော်မှ လာရောက်ပြသခဲ့သည်။ ပြပွဲတွင် နိုင်ငံတကာဆိုင်ရာ လှုပ်ရှားမှုများနှင့်ဖိုရမ်ပေါင်း ၃ဝ ကျော်ကျင်းပခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ နောက်ဆုံးပေါ်နည်းပညာများကို ဆွေးနွေးဖလှယ်ခြင်းနှင့် ပြိုင်ပွဲများလည်းကျင်းပခဲ့ကြောင်းသိရသည်။ ပြပွဲတွင် လာရောက်ပြသသူများထဲတွင် စက္ကန့် ၅ဝ အတွင်း ဥမင်တူးဖော်သည့် စက်ယန္တရားကြီးများကိုလည်း ပါဝင်ပြသခဲ့သည်။ ၎င်း စက်များကို အကွာအဝေး မီတာ ၁ဝဝ မှ ကြိုးမဲ့ ထိန်းချုပ်စနစ်ဖြင့် မောင်းနှင်နိုင်သည်။ China Railway Construction Heavy Industry Corporation Limited ၏ မန်နေဂျာ Ma Cheng Biao က “ ဒီစက်ကိရိယာတွေကို စီချွမ်-တိဘက် ရထားလမ်းတည်ဆောက်ရေးလုပ်ငန်းအတွက် အဓိက ရည်ရွယ်ထားကြောင်း၊ စီချွမ်-တိဘက် ရထားလမ်း က အမြင့်ပိုင်းမြေမျက်နှာပြင်နှင့် အတူ အောက်ဆီဂျင်အလွန်နည်းပါးသည့် အနေအထား ဖြစ်တာကြောင့် တရုတ်နိုင်ငံမှာတော့ တည်ဆောက်ဖို့ အခက်ခဲဆုံး ရထားလမ်းလည်းဖြစ်ကြောင်း၊ လူသားတွေအနေနဲ့ အဲဒီနေရာကို သွားရောက်ပြီး ရထားလမ်းဖောက်လုပ်ဖို့ ခက်ခဲပါတယ် ဘာလို့လည်း ဆိုတော့ အောက်ဆီဂျင် နည်းပါးတဲ့ပြဿနာက တော်တော် ဆိုးဝါးကြောင်း၊ ကျွန်တော်တို့ရဲ့ စက်ယန္တရားက အဲဒီလို အနေအထားတွေ မှာ လုပ်ငန်းဆောင်ရွက်ဖို့ အထူး ဒီဇိုင်းထုတ်လုပ်ထားကြောင်း၊ ဒါကို ကျွန်တော်တို့ စက်ရုပ်တစ်ရုပ်ရဲ့ ဝိသေသ လက္ခဏာများအတိုင်းထုတ်လုပ်ထားကြောင်း၊ ကျွန်တော်တို့ စက်ပိုင်းဆိုင်ရာ အကျိုးအပြစ်များကိုစုဆောင်းထားရှိပြီး အင်တာနက်ကို အသုံးပြုကာ အဝေးထိန်းစနစ်ဖြင့် ခိုင်းစေမောင်းနှင် နိုင်မည့် အချက်အလက်များစွာကို ထည့်သွင်းထားသောကြောင့် အဖွဲ့များစွာက အလုပ်အတူတကွ လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း”ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.