Connect with us

Videos

မြန်မာနိုင်ငံရှိ ရှားပါး အောက်ချင်းငှက်၊ အောင်လောင် ငှက်များ

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရေးသား၊နောက်ခံစကားပြော / စုဝင့်၊ ရိုက်ကူး၊ရုပ်သံတည်းဖြတ်/ ဝေယံ

မျိုးသုဉ်းလုနီးအောက်ချင်းငှက်များ နှင့် အောင်လောင် ငှက်မျိုးစိတ်များ ကို ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ပဲခူးရိုးမ တို့ရှိတောင်တန်းများနှင့် သစ်တောများထဲတွင်တွေ့နိုင်သည်။
ကမ္ဘာပေါ်တွင် အောက်ချင်းငှက် မျိုးစိတ် ၆၂ မျိုးထိရှိပြီး မြန်မာနိုင်ငံတွင် မျိုးစိတ် ၁၁ မျိုး နေထိုင်ကျက်စားသည်။အောင်လောင်ငှက်သည်လည်း အောက်ချင်းငှက်မျိုးစိတ်ဝင် ငှက်တစ်မျိုးဖြစ်ကြောင်းသိရသည်။ အောက်ချင်းငှက်များမှာ ၁၅၁ စင်တီမီတာမှ ၁၇၈ စင်တီမီတာ အထိရှိကြသည်။ ၎င်းတို့သည် ပျမ်းမျှသက်တမ်းအားဖြင့် ၃၅ နှစ်မှ ၅၉ နှစ် အထိ ရှိကြသည့် သက်တမ်းရှည်ငှက် မျိုးစိတ်တစ်မျိုးဖြစ်သည်။
အောက်ချင်းငှက် တစ်အုပ်လျှင် အကောင် ၅၀ အထိရှိတတ်ကြပြီး အဖိုအမ စုံတွဲလိုက် နေထိုင်တတ်ကြသည်။
၎င်းအောက်ချင်းငှက်များ၏ နှုတ်သီးနှင့် အမွေးအတောင်တို့အား ပန်းပုထုခြင်းနှင့် အလှတန်ဆာဆင်ခြင်းတို့တွင် အသုံးပြုလာကြရာမှ အကောင်ရေသိသာစွာ နည်းပါးလာခဲ့သည်။
ထို့ကြောင့် ရှားပါး ငှက်မျိုးများအား ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာ ကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(က)အရအောက်ချင်းငှက်များအား မြန်မာတစ်နိုင်ငံ လုံးတွင် မျိုးဆက် ပျက်သုဉ်းမည့် အန္တရာယ်ရှိသဖြင့် အပြည့်အဝ ကာကွယ်ထားသည့် တိရစ္ဆာန်မျိုးစိတ်တွင် ပါဝင်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.