Videos
တရုတ်နိုင်ငံတွင် မြန်နှုန်းမြင့်ရထားလမ်းကြောင်းတစ်ခုဖောက်လုပ်ပြီးစီး
ကျိလင်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျိလင်ပြည်နယ်ရှိ Dunhua မြို့ နှင့် Erdaobaihe မြို့ သို့ ချိတ်ဆက်ပြေးဆွဲမည့် မြန်နှုန်းမြင့်ရထားလမ်းကြောင်းတစ်ခုအား ပြီးခဲ့သည့် သောကြာနေ့က ဖောက်လုပ်ပြီးစီးခဲ့ကြောင်းသိရသည်။
ရထားလမ်းအရှည်မှာ ၁၁၃ ကီလိုမီတာရှိပြီး တစ်နာရီလျှင် ၂၅၀ ကီလိုမီတာအမြန်နှုန်းဖြင့်မောင်းနှင်နိုင်မည်ဖြစ်သည်။ ထိုရထားလမ်းအား၂၀၁၇ ခုနှစ်က စတင်ဖောက်လုပ်ခဲ့သည်။
ယခုဖောက်လုပ်ပြီးစီးခဲ့သည့် ရထားလမ်းမှာ Changbai တောင်ခြေကိုရောက်ရှိမည်ဖြစ်သည်။ ထိုရထားလမ်းအသစ်ဖောက်လုပ်နိုင်ခဲ့ခြင်းကြောင့် Changbai တောင်တန်းများပေါ်ရှိ ရေခဲများနှင့် နှင်းဖုံးလွှမ်းမှုအလှအပများအားကြည့်ရှုခံစားလိုသူများအတွက် ဒေသတွင်း ခရီးသွားလာရေး ကဏ္ဍ ကိုဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)