Videos
တန် ၆၀ ဝန်အပြည့်ဖြင့် ဆင်ခြေလျှောပေါ်သို့တက်ရောက်ကာ စံချိန်သစ်တင်နိုင်သည့်ကုန်တင်ထရပ်ကား
ဝူဟန့်၊မတ် ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့တွင် ဟိုက်ဒရောလစ်စနစ်သုံး ထရပ်ကားတစ်စင်းသည် တန်ချိန် ၆၀ ဝန်အပြည့်တင်ဆောင်ကာ ၁၆.၇ ဒီဂရီ (သို့) ၃၀ ရာခိုင်နှုန်းမတ်စောက်သည့် ဆင်ခြေလျှောပေါ်သို့ မောင်းနှင်နိုင်ခဲ့သည်။ ၎င်းမှာ ဆင်ခြေလျှောတောင်တက်ခြင်းတွင် ဝန်အပြည့်ဖြင့် မောင်းနှင်နိုင်သည့် စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါယာဉ်အား တရုတ်နိုင်ငံ China Space Sanjiang Group Co., Ltd ၏ Aerospace Heavy Industry Co., Ltd.မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)