Videos
အင်ဒိုနီးရှားနိုင်ငံ တွင် ဆာရိုဂျာ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၆၈ ဦးထက်မနည်းသေဆုံးပြီး ၇၀ ဦး ပျောက်ဆုံးနေ (ရုပ်သံ)
ဂျကာတာ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အရှေ့နျူဆာတန်ဂါရာပြည်နယ်တွင် ဆာရိုဂျာ (Seroja) အပူပိုင်းဆိုင်ကလုန်း တိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူ ၆၈ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၇၀ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သဘာဝဘေးလျော့ပါးရေးအေဂျင်စီက ဧပြီ ၅ ရက် မွန်းလွဲပိုင်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးသူများမှာ အရှေ့ဖလော်ရက်စ်၊ လမ်ဘာတာ၊ အန်းဒဲနှင့် အာလော် စသည့်ခရိုင်များမှဖြစ်ကြောင်း သဘာဝဘေးစီမံခန့်ခွဲမှုအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ Raditya Jati က ပြောခဲ့သည်။
ဧပြီ ၄ ရက် အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များတွင်လည်း လူ ၁၅ ဦးထက်မနည်း သေဆုံးပြီး အခြားသူ ၂,၆၀၀ ဦး ဘေးအန္တရာယ်သင့်ခဲ့ကာ နေအိမ်များ၊ လမ်းများနှင့် တံတားများ ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူ ဆိုသည်။ (Xinhua)