Videos
တရုတ်နိုင်ငံတွင် ဗျူဟာချမှတ်ဆောင်ရွက်သည့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အောင်မြင်မှုရရှိ
ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ဆောင်မှုများ၊ အဓိက ကျသည့် အကြံဉာဏ်သစ်များနှင့်အတူ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးကို လုံးဝအောင်မြင်မှုရရှိစေရန် ဗျူဟာချမှတ်ဆောင်ရွက်ခဲ့ခြင်းမှာ အားအကောင်းဆုံး လက်နက်ဖြစ်ကြောင်း အင်္ဂါနေ့က ထုတ်ပြန်သည့် စက္ကူဖြူကြေညာချက်တွင်ဖော်ပြထားသည်။
၎င်းမှာ တရုတ်နိုင်ငံ ၏ လက်တွေ့အခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက်လိုအပ်သည့် လုပ်ဆောင်ချက်များအပေါ်မူတည်သည့် ကွန်မြူနစ်ပါတီ၏ ကောင်းမွန်သည့် ချဉ်းကပ်မှုဖြစ်သည် ဟု “ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ တရုတ်နိုင်ငံ၏ အတွေ့အကြုံနှင့် အထောက်အပံ့များ” ဟူ၍ ခေါင်းစဉ် တပ်သည့် စက္ကူဖြူစာတမ်းတွင်ဖော်ပြထားသည်။
တရုတ်နိုင်ငံ၏ အမျိုးသား စီမံအုပ်ချုပ်ပုံစနစ် နှင့်စွမ်းရည်ကို ခေတ်မီ အင်အားကြီးစေရန်မြှင့်တင်သည့် ဗျူဟာ နှင့် တရုတ်ပြည်သူ့ ကွန်မြူနစ်ပါတီ မှ ချမှတ်ထားသည့် အတွးအခေါ်များနှင့် ရာစုသစ်တွင်ကျင့်သုံးရမည့် အုပ်ချုပ်ရေးဆိုင်ရာဗျူဟာများဖြင့် တရုတ်နိုင်ငံသည် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်သည့် နောက်ဆုံးတိုက်ပွဲကို ပြတ်သားစွာအောင်မြင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း စာတမ်းတွင်ပါရှိသည်။ (Xinhua)