Videos
တရုတ်နိုင်ငံက ဗိုလ်ကျစိုးမိုးရေး၊ ချဲ့ထွင်ရေးနှင့် သြဇာလွှမ်းမိုးရေးကို ဘယ်သောအခါမှလုပ်ဆောင်မည်မဟုတ်ဟု ရှီ ပြောကြား
ပေကျင်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက မည်သို့ပင်အင်အားကြီးမားလာခဲ့သည်ဖြစ်စေ ဗိုလ်ကျစိုးမိုးရေး၊ ချဲ့ထွင်ရေးနှင့် သြဇာလွှမ်းမိုးရေးတို့ကို ဘယ်သောအခါမှလုပ်ဆောင်မည်မဟုတ်ကြောင်း သမ္မတရှီကျင့်ဖိန်က ဧပြီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် လက်နက်အပြိုင်ထုတ်လုပ်မှုတွင် ဘယ်သောအခါမှ ပါဝင်သွားမည်မဟုတ်ကြောင်း ရှီက ဆိုသည်။ သမ္မတရှီကျင့်ဖိန်သည် ၂၀၂၁ ခုနှစ် အာရှဒေသဘိုးအောက်ဖိုရမ် နှစ်ပတ်လည်အစည်းအဝေးတွင် ရုပ်သံမှတစ်ဆင့် အဖွင့်မိန့်ခွန်း ပြောကြားရာ၌ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)