Videos
ရထားမတော်တဆမှုကြောင့်အီဂျစ်နိုင်ငံ မီးရထားအာဏာပိုင်အကြီးအကဲအားရာထူးမှဖယ်ရှား
ကိုင်ရို၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဆိုးဝါးလှသော ရထားမတော်တဆမှုကြောင့် အီဂျစ်နိုင်ငံသယ်ယူပို့ဆောင်ရေး ဝန်ကြီး Kamel al-Wazir သည်အစိုးရမီးရထားအာဏာပိုင်အဖွဲ့ (NRA) ၏ဥက္ကဋ္ဌဖြစ်သူ အား ပြီးခဲ့သည့် အင်္ဂါနေ့က ရာထူးမှဖယ်ရှားခဲ့သည်။
ထို့အပြင် ဝန်ကြီးသည် အစိုးရမီးရထားအာဏာပိုင်အဖွဲ့ထိပ်တန်းအရာရှိ ၉ ဦးကိုလည်း ရာထူးနေရာအပြောင်းအလဲများပြုလုပ်ခဲ့သည်။ ရထားမတော်တဆမှုကြောင့် လူ၁၁ ဦး သေဆုံးပြီး လူ၁၀၀ နီးပါးဒဏ်ရာရခဲ့သည်။လက်ရှိပြုပြင်ပြောင်းလဲမှုများသည်ခရီးသည်များအတွက်ပိုမိုကောင်းမွန်သော၀န်ဆောင်မှုများပေးရန် နှင့် နှစ်စဉ်သန်းပေါင်းများစွာသောခရီးသည်များကိုသယ်ယူပို့ဆောင်ပေးနေသောရထားပို့ဆောင်ရေးလုပ်ငန်းအဆင့်မြှင့်တင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်းကြေညာချက်တွင်ပါရှိသည်။
အီဂျစ်နိုင်ငံတွင်ဖြစ်ပွားသည့် မီးရထားမတော်တဆမှု အများစုသည် အခြေခံအဆောက်အဦ ချို့တဲ့ခြင်း၊ ပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်း၊ လူသားအမှားများနှင့်ပေါ့လျော့မှုများကြောင့်အဖြစ်များသည်။
ပြီးခဲ့သည့်တနင်္ဂနွေနေ့ကကိုင်ရိုမြို့အနီးရထားတစ်စင်းတွဲချော်တိမ်းမှောက်ပြီးနောက်လူ ၁၁ ဦး သေဆုံးခဲ့သည်။ မတ်လ ၂၆ ရက်ကလည်း အီဂျစ်နိုင်ငံတောင်ပိုင်း၌ရထား ၂ စင်း တိုက်မိခဲ့ရာအနည်းဆုံးလူ ၂၀ သေဆုံးပြီး ၂၀၀ နီးပါးဒဏ်ရာရရှိခဲ့သည်။ (Xinhua)