Videos
ဘဂ္ဂဒက်ဆေးရုံမီးလောင်မှုသေဆုံးသူ ၈၂ ဦးအထိရှိလာ
ဘဂ္ဂဒက်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)
အီရတ်နိုင်ငံဘဂ္ဂဒတ်မြို့ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် လူနာများအားကုသပေးသော Ibn al-Khatib ဆေးရုံတွင် ပြီးခဲ့သည့် စနေနေ့ ည က မီးလောင်မှုအကြီးအကျယ်ဖြစ်ပွားခဲ့ရာ ဧပြီ ၂၅ရက် အထိရရှိထားသော စာရင်းများအရ သေဆုံးသူ ၈၂ ဦးအထိရှိလာခဲ့ပြီး လူပေါင်း ၁၁၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အီရတ် ပြည်ထဲရေးဝန်ကြီး ဋ္ဌာနက ထုတ်ပြန်သည်။
မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းအားစုံစမ်းနေဆဲဖြစ်ပြီး မီးလောင်မှုကြောင့် ကျန်းမာရေးဝန်ကြီးဖြစ်သူ Hassan al-Tamimi နှင့် အခြား အရာရှိများအားရာထူးမှရပ်ဆိုင်းခဲ့သည်။အရပ်သားကာကွယ်ရေးအဖွဲ့များနှင့်မီးသတ်တပ်ဖွဲ့ဝင်ယာဉ်များဖြင့် မီးအားကြိုးစားငြှိမ်းသတ်ခဲ့ရပြီး ဆေးရုံအပေါ်ထပ်သို့မီးမကူးစေရန်ကာကွယ်ခဲ့ရသည်။မီးလောင်မှုဖြစ်ပွားစဉ်တွင် ဆေးရုံအဆောက်အဦအတွင်းရှိ လူနာ ၉၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်းများအားကယ်ဆယ်နိုင်ခဲ့ကြောင်းသိရသည်။(Xinhua)