Videos
ရုရှားနိုင်ငံအား အမေရိကန်ဦးဆောင်သော ဒဏ်ခတ်ပိတ်ဆို့ခြင်းက ကမ္ဘာ့စီးပွားရေးနှင့် ပြည်သူများအပေါ်နစ်နာစေ
ဝါရှင်တန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)
လတ်တလော ရုရှား-ယူကရိန်းပဋိပက္ခ ဖြစ်ပွားနေသည်မှာ အချိန် ၂ လ တိုင်ခဲ့ပြီဖြစ်သည်။ ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုလုပ်ဆောင်ခြင်းသည် စွမ်းအင်ကဏ္ဍ၊ အစားအသောက်ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ နှင့် ဘဏ္ဍာရေးဈေးကွက် အစရှိသဖြင့် တစ်ကမ္ဘာလုံးအပေါ်သက်ရောက်မှုရှိစေပြီး ပြည်သူလူထု၏ အသက်အန္တရာယ်များအပေါ် ထိခိုက်စေခဲ့သည်။
ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခြင်းသည် ကမ္ဘာ့စီးပွားရေးအပြင် တစ်ကမ္ဘာလုံးရှိပြည်သူများအား ထိခိုက်စေခြင်းဖြစ်ကြောင်း Pittsburgh တက္ကသိုလ်မှ ဥပဒေပညာဌာန တွဲဖက်ပါမောက္ခဖြစ်သူ Daniel Kovalik က ဆိုသည်။
အဆိုပါပိတ်ဆို့မှုများသည် အနာတခြား၊ ဆေးတခြားဖြစ်စေလိမ့်မည့်အပြင် အနောက်နိုင်ငံများ၏ ငွေကြေးများ နှင့် ဘဏ္ဍာရေးစနစ်များအပေါ် ယုံကြည်မှုများကိုလျော့ပါးစေလိမ့်မည်ဖြစ်ကြောင်း ၎င်းက သတိပေးခဲ့သည်။
Pittsburgh တက္ကသိုလ်မှ ဥပဒေပညာဌာန တွဲဖက်ပါမောက္ခဖြစ်သူ Daniel Kovalik က
“ဒီကိစ္စမှာ အမေရိကန်က ရုရှားကို အနောက်နိုင်ငံရဲ့ စီးပွားရေးကဏ္ဍကနေ အခြေခံအားဖြင့် ဖယ်ထုတ်လိုက်တာဖြစ်ပါတယ်။ဒီတော့ အဲဒီလိုပိတ်ဆို့မှုက ရုရှားကို အနောက်နိုင်ငံက နေ သိပ်ကိုကြီးမားစွာ ဖယ်ထုတ်တဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။အဲဒါက ရုရှားနိုင်ငံ နဲ့ ပျမ်းမျှအားဖြင့် ရုရှားပြည်သူတွေကို ထိခိုက်စေမှာဖြစ်ပါတယ်။ ဒီလို ဒဏ်ခတ်ပိတ်ဆို့မှု အမျိုးအစားတွေ က အမြဲတမ်းအဲဒီလိုဖြစ်တာပါ။ ဒါပေမဲ့ကျွ န်တော်တို့ တွေ့နေရတာက အဲဒီလိုဒဏ်ခတ်ပိတ်ဆို့မှုတွေက သိပ်ကိုရှင်းလင်းစွာပဲ ဥရောပတိုက်ကို ထိခိုက်စေသလို အမေရိကန်နိုင်ငံအပေါ်မှာလည်း ထိခိုက်စေမှာဖြစ်ပါတယ်။ ဆီဈေးနှုန်းတွေမြင့်တက်လာတာကို ကျွန်တော်တို့တွေ့ရှိခဲ့ပြီးပါပြီ နောက်တစ်ခါ ပြည်သူတွေက ဆီဖြည့်တိုင်းစိတ်ဆင်းရဲရမယ် နောက်ပြီးသူတို့က လောင်စာဆီ ကုန်ကျစရိတ်တွေကြောင့်စိတ်ညစ်ရမယ် အစရှိသဖြင့်ပေါ့။ သူတို့ရဲ့စားသောက်စရိတ်တွေ ကစလို့ပေါ့။ လောင်စာဆီဈေးနှုန်းမြင့်တက်မှုဟာ ကုန်ပစ္စည်း အားလုံးအပေါ် သက်ရောက်မှုရှိပါတယ်။ ဒီတော့ နေထိုင်စရိတ် ကြီးမြင့်လာမှုအပေါ် လူတွေက စိတ်ညစ်ရပြန်ပါတယ်။ ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ အရေးပါတဲ့အတိုင်းအတာတစ်ခု ဖြစ်လာခဲ့ပြီး အဲဒီပိတ်ဆို့မှုတွေက တစ်ကမ္ဘာလုံးရဲ့ စီးပွားရေးကို ထိခိုက်စေတော့မှာပါ။ အမေရိကန်နှင့် ဥရောပသမဂ္ဂက အများပြည်သူရဲ့ ပိုင်ဆိုင်မှုတွေကိုအလေးထားစရာ မလိုဘူးလို့ ဆုံးဖြတ်ထားကြပါတယ်၊သူတို့ဟာ ပြည်သူတွေရဲ့ ကျေနပ်ပျော်ရွှင်မှုတွေကို သိမ်းယူနိုင်ပါတယ်
သူတို့ အဲဒီ ပြည်သူတွေကို မနှစ်သက်တော့ဘူးလို့ဆုံးဖြတ်လိုက်တာနဲ့ ပြည်သူတွေရဲ့ ဘဏ်အကောင့်တွေနဲ့ ဘဏ်တွေထဲက ငွေတွေကို သူတို့ပိတ်ပင်လိုက်နိုင်ပါတယ်။ အရင်းရှင်စနစ်တစ်ခုလုံးက ယုံကြည်မှုအပေါ် အခြေခံထားတာဖြစ်ပါတယ်။ ခင်ဗျားတို့အကြွေးဆပ်မယ်ဆိုတာကိုလည်းယုံကြည်မှုနဲ့လုပ်ဆောင်တာဖြစ်ပြီး ခင်ဗျားတို့ရဲ့ဘဏ်မှာ ကျွန်တော့်ငွေတွေထားဖို့ဆိုရင်လည်း လုံခြုံလောက်တယ်လို့ယုံကြည်မှရတာဖြစ်ပါတယ်။ ဒါတွေအကုန်လုံး အခု ပျက်ပြယ်သွားခဲ့ပါပြီ။ဒီတော့ ဒါဟာလည်း အနောက်နိုင်ငံတွေရဲ့ ဘဏ်တွေနဲ့ဘဏ္ဍာရေးစနစ် ကို တစ်ကမ္ဘာလုံးက ပြည်သူတွေယုံကြည်မှုမရှိတော့ဘဲ စွန့်ခွါလာစေတဲ့နောက်ထပ် အကြောင်းပြချက်တစ်ခုကို ဖန်တီးစေပါတော့တယ်” ဟုဆိုသည်။ဆင်ဟွာသတင်းထောက်များက ဝါရှင်တန်ဒီစီမှ သတင်းပေးပို့ခြင်းဖြစ်သည်။ (Xinhua)
#U.S.#sanctions #Russia #worldeconomy #hurt #conflict #Westerncountries #UniversityofPittsburgh#xinhua ————————-
(English Version)
GLOBALink | U.S.-led sanctions against Russia to hurt world economy, people: American expert
WASHINTONG, April 3 (Xinhua) —
The ongoing Russia-Ukraine conflict has entered its second month. The sanctions imposed on Russia have hit global energy, food, economic, trade and financial markets, affecting lives of the general public.
Daniel Kovalik, an adjunct professor of law at the University of Pittsburgh, said that the sanctions are not only hurting Russia and Russian people, but also the world economy and common people around the world.
He also warned that these sanctions could backfire, undermining reliability of the currencies and financial systems in Western countries.
SOUNDBITE (English): DANIEL KOVALIK, Adjunct professor of Law, University of Pittsburgh
“In this case, the U.S. has basically thrown Russia out of the Western economy.
So it’s really cutting Russia off from the West in a very big way.
This is gonna hurt Russia and it’s gonna hurt average Russian people.
These types of sanctions always do.
But what we’re also seeing, it’s gonna very clearly hurt Europe and it’s gonna hurt the United States.
We see already that rise in oil prices, which again, people are feeling at the pump and they’re feeling in their energy bills, et cetera, and their food bills.
Energy price increases affect all commodities.
So again, your average person is feeling an increase in the cost of living.
These sanctions are of a momentous degree and they’re going to hurt the worldwide economy.
The U.S. and the EU have decided that they don’t have to honor private property anymore.
They can take people’s yachts.
They can freeze people’s bank accounts and reserves in their banks because they’ve decided they don’t like those people.
The entire capitalist system is based on, a lot of it is based on trust, trust that you’re gonna pay your debts, trust that if I put my money in your bank, it’s gonna be safe.
That’s being thrown out the window.
And so that’s gonna create another reason for people around the world to flee the Western banking and financial system.”
Xinhua News Agency correspondents reporting from Washington, D.C.(XHTV)