Videos
ရေလွှမ်းမိုးမှုကိုထိန်းချုပ်ရန် 3D electrical resistivity imaging စနစ်ကိုတပ်ဆင်
ကျန်းရှီး၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ်ရှိ နည်းပညာတက္ကသိုလ်မှ သုတေသီအဖွဲ့တစ်ဖွဲ့သည် ဒေသတွင်းရေလွှမ်းမိုးမှုကို ထိန်းချုပ်နိုင်ရန် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ် Jiujiang မြို့ရှိ Furong မြစ် ၏ ရေနုတ်မြောင်းထဲတွင် 3D electrical resistivity imaging (ERI) စနစ်ကို တပ်ဆင်ခဲ့သည်။
၎င်းနည်းပညာသည် ရေတာပေါင်ရိုးကို စကန်ဖတ်ပြီး ရေလွှမ်းမိုးမှုဖြစ်ပွားနိုင်သည့် အားနည်းချက်ရှိသော နေရာများကို ထောက်လှမ်းပေးမည့် စနစ်မျိုးဖြစ်သည်။
ကျန်းရှီးပြည်နယ်သည် ရေလွှမ်းမိုးမှု ဆိုးဝါးစွာဖြစ်ပွားသည့် ပြည်နယ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ယခုနည်းစနစ်ကို တွင်ကျယ်စွာ အသုံးပြုနိုင်ပါက နောက်ပိုင်းတွင် ရေလွှမ်းမိုးမှုများကိုကာကွယ် တားဆီးနိုင်မည်ဟု မျှော်လင့်ရကြောင်းသိရသည်။ (Xinhua)