Videos
ဝန်ထမ်းမပါဘဲ အလိုအလျောက်လည်ပတ်နိုင်သည့် 5G နည်းပညာသုံး ကုန်ပစ္စည်း သိုလှောင်ရုံ
နန်ကျင်း၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)
Suning Logistics ကုမ္ပဏီက တရုတ်နိုင်ငံ နန်ကျင်းမြို့တွင် ဝန်ထမ်းမပါဘဲ အလိုအလျောက်လည်ပတ်နိုင်သည့် 5G နည်းပညာသုံး ကုန်ပစ္စည်း သိုလှောင်ရုံတစ်ရုံကို ဖွင့်လှစ်ခဲ့သည်။ ၎င်းသိုလှောင်ရုံတွင် မောင်းသူမဲ့ ဝန်ချီစက်များ၊ ပစ္စည်းသယ်ယူပို့ဆောင်ရေးစက်များ၊ စက်ရုပ်လက်တံများ၊ အလိုအလျောက် ပစ္စည်းထုတ်ပိုးသည့်စက်များစသဖြင့် ဝန်ထမ်း အသုံးပြုရန်မလိုဘဲ 5G နည်းပညာက အလိုလျောက် ဆောင်ရွက်ပေးသည်။ ကုန်ပစ္စည်းသိုလှောင်ခြင်း၊ကုန်စည်ဖြည့်တင်းခြင်း၊ ကုန်ပစ္စည်းကောက်ယူစုဆောင်ခြင်း၊ ကုန်ပစ္စည်းထုတ်ပိုးခြင်း နှင့် တံဆိပ်ကပ်ခြင်းစသည့် လုပ်ငန်းအားလုံးကို အလိုအလျောက်စနစ်ဖြင့် လည်ပတ်မောင်းနှင် ခြင်းဖြစ်သည်။ စက်ရုပ်များဖြင့် လုပ်ဆောင်ခြင်းက လူသား ဝန်ထမ်းများ အသုံးပြုဆောင်ရွက်ခြင်းထက် ၅ ဆ ခန့် ပိုမိုလုပ်ငန်းတွင်စေကြောင်းကုမ္ပဏီက ဆိုသည်။ အမှာစာလက်ခံရရှိပြီးနောက် အလိုအလျောက်စနစ်ဖြင့် မှာယူထားသည့်ကုန်ပစ္စည်းကို အချိန် မိနစ် ၂၀ အတွင်း စက်ရုံမှ ပေးပို့နိုင်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)