Videos
5G ကွန်ရက်နည်းပညာသုံး စစ်ဆေးရေးစက်ရုပ်ကို တရုတ်နိုင်ငံတွင်စမ်းသပ်အသုံးပြု
လျောင်နင်း၊ မတ် ၂၈ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ၏ စက်ရုပ်ထုတ်လုပ်ရေး လုပ်ငန်းဖြစ်သည့် Siasun ကုမ္ပဏီက တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ် ရှန်းယန်မြို့တွင် 5G ကွန်ရက်နည်းပညာသုံး စစ်ဆေးရေးစက်ရုပ် တစ်မျိုးကို စမ်းသပ်လျက်ရှိသည်။
၎င်းစက်ရုပ်မှာ နေရာဒေသမရွေး ရာသီဥတုမရွေး လိုက်လံစစ်ဆေးနိုင်ပြီး လူများနှင့် ယာဉ်များကို မှတ်မိနိုင်သည့် အသိဉာဏ်နည်းပညာသုံး စက်ရုပ်တစ်မျိုးဖြစ်သည်။ စက်ရုပ်မှ ရိုက်ကူးနေသည့် အရုပ်အသံများကို တိုက်ရိုက်ကြည့်ရှုပြီး အဝေးထိန်းခလုတ် မှ တစ်ဆင့် ၎င်း စက်ရုပ်ကို လိုသလိုထိန်းချုပ် နိုင်သည်။
“အနာဂတ်မှာ 5G ကွန်ရက်နည်းပညာကို လူကြိုက်များလာပါပြီ။ 5G ကွန်ရက်နည်းပညာမှာ လိုင်းနှောင့်နှေးမှုလုံးဝမရှိတာကြောင့် ကျွန်တော်တို့ စက်ရုပ်တွေကို အချိန်နဲ့တစ်ပြေးညီထိန်းချုပ်နိုင်ပါပြီ” ဟု Siasun မှ တာဝန်ရှိသူက ဆိုသည်။ အဆိုပါ စက်ရုပ်မှာ အလိုအလျောက်အားပြန်ဖြည့်တင်းနိုင်သည့်စနစ်လည်းပါဝင်ပြီး အချိန် ၈ နာရီကျော်ကြာသည်အထိ ဆက်တိုက် စစ်ဆေးနိုင်ကြောင်းသိရသည်။(Xinhua)