Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
တရုတ်နိုင်ငံက ဇွန်လအထိ 5G အခြေစိုက်စခန်းပေါင်း ၄၁၀,၀၀၀ ထိ တည်ဆောက်ထား  - Xinhua News Agency
Connect with us

Videos

တရုတ်နိုင်ငံက ဇွန်လအထိ 5G အခြေစိုက်စခန်းပေါင်း ၄၁၀,၀၀၀ ထိ တည်ဆောက်ထား 

ပေကျင်း ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံက ယခုနှစ် ပထမနှစ်ဝက်တွင် 5G အခြေစိုက်စခန်း အသစ် ၂၅၇,၀၀၀ တည်ဆောက်ခဲ့ပြီး ဇွန်လကုန်အထိ နိုင်ငံတစ်ဝှမ်း 5G အခြေစိုက်စခန်း စုစုပေါင်း ၄၁၀,၀၀၀ ထိ ရှိလာခဲ့သည်။ တရုတ်နိုင်ငံတွင် 5G ဖုန်းများ အလုံးရေပေါင်း ၈၆.၂၃ သန်း ထိရောင်းချခဲ့ရခြင်းနှင့်အတူ ဇွန်လကုန်အထိ 5G package အသုံးပြုသူပေါင်း ၆၆ သန်း ရှိလာခဲ့ကြောင်း သိရသည်။ 

သတင်းအချက်အလက် ထုတ်လွှင့်ခြင်း ၊ ဆော့ဝဲလ် နှင့် သတင်းအချက်အလက် နည်းပညာ ဝန်ဆောင်မှုများ၏ တန်ဖိုးမြှင့် ထုတ်လုပ်မှုသည် ယခင်နှစ်ကထက် ၁၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ပထမသုံးလပတ်ထက် ၁ ဒသမ ၃ ရာခိုင်နှုန်း ပိုများလာခဲ့သည်။ 5G စီးပွားဖြစ် ရောင်းချမှုကို အပြည့်အဝ လုပ်ဆောင်မှု ပေးရန် ၊ ဈေးကွက်၏ အရေးပါမှုကို တိုးမြှင့်ရန် မူဝါဒများ ပို၍ ဖြည့်စွက်သင့်ကြောင်း စက်မှု နှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန(MIIT) တာဝန်ရှိသူ Wen Ku က ပြောကြားခဲ့သည်။ ထို့ပြင် 5G နည်းပညာ ၊ စက်မှုလုပ်ငန်း နှင့် application များတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် တိုးမြှင့်ဆောင်ရွက်သွားသင့်ကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.