Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

ကုန်းရေနှစ်သွယ် ပျံသန်းမောင်းနှင်နိုင်သည့် တရုတ်နိုင်ငံထုတ် AG600 လေယာဉ်ကြီး၏ ပထမဆုံးအကြိမ် ပင်လယ်ပြင် စမ်းသပ်ပျံသန်းမှု အောင်မြင်  - Xinhua News Agency
Connect with us

Videos

ကုန်းရေနှစ်သွယ် ပျံသန်းမောင်းနှင်နိုင်သည့် တရုတ်နိုင်ငံထုတ် AG600 လေယာဉ်ကြီး၏ ပထမဆုံးအကြိမ် ပင်လယ်ပြင် စမ်းသပ်ပျံသန်းမှု အောင်မြင် 

ချင်းသောင်၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှထုတ်လုပ်သော ကုန်းရေနှစ်သွယ် ပျံသန်းမောင်းနှင်နိုင်သည့် AG600 လေယာဉ်ကြီးသည်  ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းက ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ ပင်လယ်ပြင်တွင် အောင်မြင်စွာ မောင်းနှင်ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။ 

“ခွန်းလုံ ”AG600 လေယာဉ်ကြီးကို ဇူလိုင် ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၁၈ မိနစ်တွင် ချင်းသောင် ပင်လယ်ပြင်မှ စတင်ပျံသန်း မောင်းနှင်ခဲ့ကြောင်း ၊ ကြာချိန်  ၃၁ မိနစ်ထိ စမ်းသပ်ပျံသန်း မောင်းနှင်ခဲ့ကြောင်း လေယာဉ်ထုတ်လုပ်သော Aviation Industry Corporation of China (AVIC)က ပြောကြားခဲ့သည်။ 

ယခု ပင်လယ်ပြင် မောင်းနှင်ပျံသန်းမှုသည် “ခွန်းလုံ ”AG600 လေယာဉ်ကြီး၏ ၂၀၁၇ ခုနှစ် ကုန်းမြေတွင် ပထမဆုံး ပျံသန်းမှု နှင့် ၂၀၁၈ ခုနှစ်တွင် ပထမဆုံး ရေပေါ် ပျံသန်းမှု ပြုလုပ်ခဲ့ပြီးနောက်ပိုင်း အောင်မြင်သည့် နောက်ထပ် မှတ်တိုင်တစ်ခု ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.