Connect with us

Videos

ဆင်ဟွာသတင်းဋ္ဌာနက ကမ္ဘာ့ပထမဆုံးAI နည်းပညာသုံး စက်ရုပ်အမျိုးသမီးသတင်းကြေညာသူကို ထုတ်ဖော်

ပေကျင်း၊ ဖေဖော်ဝါရီ ၂၁ (ဆင်ဟွာ)

ဆင်ဟွာသတင်းဋ္ဌာနနှင့် အင်တာနက်ရှာဖွေရေးအေဂျင်စီ Sogou တို့ပူးပေါင်းကာ ကမ္ဘာ့ပထမဆုံးAI နည်းပညာသုံး စက်ရုပ်အမျိုးသမီးသတင်းကြေညာသူကိုတီထွင်ခဲ့ပြီဖြစ်သည်။ Xin Xiaomeng ဟုအမည်ပေးထားသည့် အဆိုပါ စက်ရုပ်သတင်းကြေညာသူကို ဆင်ဟွာ သတင်းမီဒီယာ စင်တာတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သတင်းကြေညာသူ Qu Meng နှင့်ပုံစံတူ ဖန်တီးပြုလုပ်ထားခြင်းဖြစ်သည်။ အမျိုးသမီး စက်ရုပ်သတင်းကြေညာသူက ယခုနှစ် တရုတ်ကွန်မြူနစ်ပါတီ၏ နှစ်ပတ်လည် အစည်းအဝေးပွဲများ အတွင်း သတင်းထုတ်လွှင့်တင်ဆက်ပေးမည်ဖြစ်ပြီး သတင်းထုတ်လွှင့်တင်ဆက်မှုကို ပိုမိုကောင်းမွန်မြှင့်တင်နိုင်ရန် စက်ရုပ်သတင်းကြေညာသူများကို ဖန်တီးထုတ်လုပ်ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.