Connect with us

Videos

လန်ချန်း-မဲခေါင် ဒေသတွင်းယဉ်ကျေးမှု အမွေအနှစ်များ စီမံခန့်ခွဲရေး ဒေသတွင်း ၆ နိုင်ငံ မှ ပညာရှင်များ ဆွေးနွေး

ပုဂံ ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများရှိ အမွေအနှစ်ဒေသများ စီမံခန့်ခွဲရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကို ဖေဖော်ဝါရီ ၂၀ ရက် က ပုဂံမြို့ တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ဒေသတွင်း နိုင်ငံ ၆ နိုင်ငံ မှ ပညာရှင်များ က ယဉ်ကျေးမှု အမွေအနှစ် စီမံခန့်ခွဲမှု ဆိုင်ရာ သဘောထား အမြင်များ အား ဆွေးနွေး ခဲ့ကြသည်။

အခမ်းအနားတွင် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို က ယဉ်ကျေးမှု အမွေအနှစ်ဒေသများအား ထိန်းသိမ်းကာကွယ်ခြင်း နှင့် ခရီးသွား ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အကြား ဟန်ချက်ညီအောင် ထိန်းသိမ်း စီမံ ဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ တရုတ် နိုင်ငံ က စီမံကိန်း ဆောင်ရွက်ရန် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ အား ကူညီထောက်ပံ့ပေးခြင်း အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန် က ယဉ်ကျေးမှု အမွေအနှစ်များ အား နှစ်နိုင်ငံ အတူတကွ ထိန်းသိမ်းစောင့်ရှောက်ခြင်း သည် တရုတ်-မြန်မာ နှစ်နိုင်ငံ ခေတ်သစ်ပိုးလမ်းမကြီး နှင့် နှစ်နိုင်ငံ စီးပွားရေး စြင်္က ံ အတူတကွ တည်ဆောက်ရေး တွင် အရေးပါသည့် အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ၏ ရှေးဟောင်း ယဉ်ကျေးမှု ပြုပြင် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်း ကဏ္ဍ တွင် အစွမ်းကုန် ကူညီ သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခြင်းဖြင့် အနာဂတ် မျိုးဆက်များ အတွက် ယဉ်ကျေးမှု အမွေအနှစ်များ အား ထိန်းသိမ်းစောင့်ရှောက် ပေးသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို က ယခုကဲ့သို့သော အလုပ်ရုံ ဆွေးနွေးပွဲ များ ကျင်းပ ပြုလုပ်ခြင်းသည် ယဉ်ကျေးမှုများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း အတွက် များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများရှိ အမွေအနှစ်ဒေသများ စီမံခန့်ခွဲရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး အဖွဲ့ဝင်များ ဖြစ်ကြသည့် တရုတ် ၊ မြန်မာ ၊ ကမ္ဘောဒီးယား ၊ လာအို ၊ ထိုင်း နှင့် ဗီယက်နမ် စသည် နိုင်ငံ များမှ ပညာရှင် ကိုယ်စားလှယ် အဖွဲ့ တို့ က တက်ရောက်လျက်ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.