Connect with us

Videos

အနာဂတ် လူသားမျိုးနွယ်တို့၏ နေ့စဉ် ဘဝ၌ တွင်ကျယ်လာမည့် AI နည်းပညာမြင့်ပစ္စည်းများ

ပေကျင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

အနာဂတ် ကာလတွင်  ခေတ်မီ နည်းပညာမြင့်အသုံးအဆောင်များ ဖြင့် လူမှုဘဝများသည် တဖြည်းဖြည်း မြင့်မားလာတော့မည်ဖြစ်သည်။ စမတ်နည်းပညာများဖြင့် အဆင့်မြှင့်တင်ထားသည့် မြို့တော်တစ်ခုသည် စီးပွားရေးဈေးကွက်တစ်ခုလည်းဖြစ်သည်။ လက်ရှိတွင် ခေတ်မီနည်းပညာမြင့်ထုတ်ကုန်လုပ်ငန်းစုအများသည် ထိုစနစ်ကို တက်လှမ်းနိုင်ရန် လူနေအိမ်များနှင့် လူမှုအသိုက်အဝန်းထဲတွင် အသုံးပြုနိုင်မည့် နည်းပညာဆိုင်ရာ ပြဿနာများကို ဖြေရှင်းဆောင်ရွက်နေကြသည်။  Smart Home System တပ်ဆင်ထားပါက မနက်ခင်းသို့ရောက်ရှိလာပြီး သင်တို့ နိုးထလာသည်နှင့် တပြိုင်နက် လိုက်ကာများကို အလိုအလျောက်စနစ်ဖြင့်ဖွင့်လှစ်ပေးပြီး အလင်းရောင်ရရှိစေမည်ဖြစ်သည်။

ကြည့်မှန်များကို စမတ်နည်းပညာများထည့်သွင်းထားသောကြောင့် အချက်အလက်များကို touch စနစ်ဖြင့် မှန်ကြည့်ရင်းလုပ်ဆောင်နိုင်မည်ဖြစ်သည်။မျက်နှာပြင်မှတ်စနစ်ထည့်သွင်း ထားသည့် စမတ်နည်းပညာသုံး တံခါးများကို အဖွင့်အပိတ် လုပ်နိုင်မည်ဖြစ်သည်။

စမတ်နည်းပညာဖြင့် အပူချိန်ကို အလိုအလျောက်ချိန်ညှိတိုင်းတာပြီး လိုက်ကာများကို အဖွင့်အပိတ်လုပ်ပေးနိုင်သည်။ မောင်းသူမဲ့ စမတ်နည်းပညာသုံး ပို့ဆောင်ရေးယာဉ်များ ဖြင့် မှာယူထားသည့် ပစ္စည်းများကို အိမ်ရှေ့တံခါးသို့အရောက်ပို့ဆောင်ပေးနိုင်သည်။ 

မီးဖိုချောင်တွင်လည်း စမတ်နည်းပညာများက အထောက်အပံ့ပြုလုပ်ပေးနိုင်ပြီး ချက်ပြုတ်နည်းများနှင့်တကွ အစားအသောက်များထဲတွင် ပါဝင်သည့် အဟာရ ပမာဏ အထိ တွက်ချက် ပြသပေးမည်ဖြစ်သည်။ကလေးများအတွက်လည်း စမတ်နည်းပညာသုံး စာသင်ခန်းများကို ဖန်တီးပေးထားမည်ဖြစ်သည်။ အနာဂတ်ကာလတွင်  လူသားမျိုးနွယ်များ ၏ နေ့စဉ်ဘဝတွင် နေရာယူလာတော့မည့် AI နည်းပညာမြင့်ပစ္စည်းများကို အောက်ပါ video ထဲတွင် မိတ်ဆက်တင်ပြထားပါသည်။   (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.