Videos
အလိုအလျောက် ကားရပ်နားသည့် နည်းပညာကို Baidu က ပေကျင်းတွင် မိတ်ဆက်
ပေကျင်း၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ၏ နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Baidu က အလိုအလျောက် မောင်းနှင်သည့် နည်းပညာများကို ကြိုးပမ်းထုတ်လုပ်လျက်ရှိသည်။
Baidu က မကြာသေးမီကလည်း အလိုအလျောက် ကားရပ်နားသည့် နည်းပညာကို ပေကျင်းမြို့တွင် စတင်မိတ်ဆက်ခဲ့ပြီး ၎င်းနည်းပညာမှာ ကားမှ အလိုအလျောက် ပါကင်ကိုရှာဖွေမည်ဖြစ်ပြီး မောင်း သူမဲ့ ပါကင်ထိုးနိုင်မည်ဖြစ်သည်။
ပါကင် ထိုးနေစဉ်အတွင်း အတားအဆီးများ နှင့် ပိတ်ဆို့မှုများရှိပါကလည်း ၎င်းမောင်းသူမဲ့ကားမှာ ရပ်နားစောင့်ဆိုင်းနိုင်မည်ဖြစ်ပြီး ကားအရှေ့တွင် လူဖြတ်သန်းသွားလာပါကလည်း ကား၏ အာရုံခံစနစ်ကို အသုံးချကာ အရေးပေါ် ဘရိတ်စနစ်ဖြင့် ကားကိုရပ်တန့်နိုင်မည်ဖြစ်ကြောင်းသိရသည်။ (Xinhua)