Connect with us

Videos

ကမ္ဘာ့အကျယ်ဆုံး မြေအောက်ဥမင်လိုဏ်ခေါင်းတရုတ်နိုင်ငံတွင် တည်ဆောက်လျက်ရှိ

ကွမ်တုံ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

Shenzhen – Zhongshan တံတားကြီးကို တရုတ်နို်င်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် တွင် ဆောက်လုပ်လျက် ရှိသည်။ တံတားတွင်ပါဝင်သည့် ၆.၈ ကီလိုမီတာ အရှည်ရှိ မြေအောက်ဥမင်လိုဏ်ခေါင်းမှာ ထိုအမျိုးအစားထဲတွင် ကမ္ဘာ့အကျယ်ဆုံး မြေအောက်ဥမင်လိုဏ်ခေါင်းလည်းဖြစ်လာမည်ဟုသိရသည်။ ဥမင်လိုဏ်ခေါင်းကို ကုဗတုံး ၃၂ တုံးဖြင့် ပြုလုပ်ထားပြီး ကုဗတုံးများကို ပြုလုပ်ရန် သံမဏိ တန်ချိန်ပေါင်း ၃၂ဝဝဝဝ တန်ခန့် အသုံးပြုရဖွယ် ရှိကြောင်းသိရသည်။ ဥမင်လိုဏ်ခေါင်း၏ ပထမဆုံး သံမဏိ အပိုင်းကို ကျူးဟိုင် ဘက်ခြမ်းသို့သယ်ဆောင်ကာ ကွန်ကရစ်လောင်းမည်ဖြစ်သည်။ Shenzhen – Zhongshan တံတားမှာ အရှည်အားဖြင့် ၂၄ ကီလိုမီတာရှိပြီး ထိုစီမံကိန်းမှာ ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူး တံတားကြီးဖြစ်သည့် ဟောင်ကောင်-ကျူးဟိုင်- မကာအို တံတားကြီးမှ ၃၈ ကီလိုမီတာအကွာတွင်ရှိသည်။ မြေအောက်ဥမင်ကို အဝင်တစ်ခြမ်းနှင့် အထွက် တစ်ခြမ်း ဖောက်လုပ်ထားပြီး တစ်ခြမ်းစီတွင် လေးလမ်းမောင်းယာဉ်သွားလမ်းဖြင့် စုစုပေါင်း ရှစ်လမ်းမောင်း ဥမင်လိုဏ်ခေါင်း တစ်ခုအဖြစ် တည်ဆောက်မည်ဖြစ်သည်။ ဥမင်လိုဏ်ခေါင်းမှာ အကျယ်အားဖြင့် ၄၆ မှ ၅၅.၄၆ မီတာအထိကျယ်ဝန်းသည်ဟုသိရသည်။ ၂ဝ၂၄ ခုနှစ်တွင် တံတားတစ်ခုလုံးကို ဖွင့်လှစ်နိုင်ရန် ရည်ရွယ် ဆောက်လုပ်လျက်ရှိပြီး တံတားကြီးတည်ဆောက်ပြီးစီးပါက မြို့နှစ်မြို့အကြား ယခင်သွားလာချိန် ၂ နာရီမှ နာရီဝက်အထိ လျှော့ချပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.