Connect with us

Videos

တရုတ်နိုင်ငံက BeiDou တည်နေရာလမ်းကြောင်းပြ ဂြိုဟ်တုသစ် (BDS) တစ်လုံးထပ်မံလွှတ်တင်

ပေကျင်း၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ရှီချန်း ဂြိုဟ်တု လွှတ်တင်ရေးစင်တာမှ BeiDou တည်နေရာလမ်းကြောင်းပြ ဂြိုဟ်တုသစ် (BDS) တစ်လုံးကို ဇွန် ၂၅ ရက်က အာကာသအတွင်း လွှတ်တင်ခဲ့ကြောင်းသိရသည်။

၎င်း ဂြိုဟ်တု ကို Long March-3B ဒုံးပျံယာဉ်က ကမ္ဘာပတ်လမ်းကြောင်း သို့ ပို့ဆောင် မည်ဖြစ်သည်။ ယခုလွှတ်တင်သည့် ဂြိုဟ်တုမှာ တရုတ် သိပ္ပံနှင့်နည်းပညာအတတ်ပညာကျောင်းနှင့် တရုတ်အာကာသပညာ သိပ္ပံနှင့်နည်းပညာ အဖွဲ့အစည်းလက်အောက်ရှိ အာကာသယာဉ်များလွှတ်ခြင်းနည်းပညာဆိုင်ရာကျောင်းများမှ ပူးပေါင်းလွှတ်တင်ခြင်းဖြစ်ပြီး Long March ဒုံးပျံယာဉ် ဖြင့် ၃ဝ၇ ကြိမ်မြောက်လွှတ်တင်ခြင်းလည်းဖြစ်သည်။

တရုတ်နိုင်ငံ၏ ဒုတိယမျိုးဆက် အာကာသ လမ်းကြောင်းထောက်လှမ်းရေး သင်္ဘော Yuanwang-3 က ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းမှ လွှတ်တင်ခဲ့သည့် ဂြိုဟ်တုများမှ ပေးပု့ိလာသည့် ရေကြောင်းဆိုင်ရာ စောင့်ကြည့်လေ့လာမှုများကို လည်းပြုလုပ်ခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.