Connect with us

Videos

ရှန်ဟိုင်းတွင် ဆောက်လုပ်မည့် BRICS ဘဏ်ရုံးချုပ် အဆောက်အအုံ

ရှန်ဟိုင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

BRICS New Development Bank (NDB) ရုံးချုပ်၏ အမြဲတမ်းအဆောက်အအုံ အား စက်တင်ဘာ ၂ ရက်တွင် ရှန်ဟိုင်းကုန်စည်ပန်းခြံ ၌ စတင်ဆောက်လုပ်ခဲ့ပြီး Huangpu မြစ်တစ်လျှောက် အထင်ကရ အဆောက်အဦတစ်ခု ဖြစ်လာမည်ဟု ခန့်မှန်းရကြောင်း သိရသည်။ စတုရန်းမီတာပေါင်း ၁၂,၀၀၀ မီတာပေါ်တွင် တည်ဆောက်ထားသော BRICS New Development Bank (NDB) ရုံးချုပ် တွင် အဆောက်အအုံကြမ်းပြင်ဧရိယာ စုစုပေါင်း ၁၂၆,၀၀၀ စတုရန်းမီတာ ရှိပြီး အဆောက်အအုံအမြင့် ၁၅၀မီတာရှိကာ မြေပြင်အထက် အထပ်ပေါင်း ၃၀ နှင့် မြေအောက် ၄လွှာပါရှိမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အဆောက်အအုံအား လာမည့် ၄နှစ်တွင် စတင်ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ BRICS New Development Bank (NDB) အား ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိကနိုင်ငံတို့ က ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ခုနှစ် ဇူလိုင် ၂၁ ရက်တွင် ရှန်ဟိုင်းမြို့၌ တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.