Connect with us

Videos

အစာအိမ်ရောဂါ အတွက် တရုတ်နိုင်ငံ က စက်ရုပ်ဆေးတောင့် (Capsule Robot) တီထွင်

ရှန်ဟိုင်း၊ ဇွန် ၈ ရက် (ဆင်ဟွာ)
ကမ္ဘာပေါ်တွင် ပထမဆုံးအဖြစ် တရုတ်နိုင်ငံ ရှန်ဟိုင်းအခြေစိုက် Ankon Technologies Co Ltd က အစာအိမ် ရောဂါဝေဒနာရှင်များအတွက် ဆေးဝါးအထောက်အကူပြု စက်ရုပ်ဆေးတောင့်ကို ဒီဇိုင်းထုတ် တီထွင် ခဲ့ကြောင်းသိရသည်။ ထို စက်ရုပ်ဆေးတောင့်ကို မြိုချရာတွင် ဆေးတောင့် ကြောင့် လည်ချောင်းတွင် တစ်နေမှုမရှိ သကဲ့သို့ ဘေးထွက်ဆိုးကျိုးများ လည်းမရှိကြောင်း သိရသည်။ စက်ရုပ်ဆေးတောင့်က အစာအိမ်အတွင်း မည်သည့်ရောဂါဖြစ်နေသည်ကို ၁၅ မိနစ်မှ မိနစ် ၃ဝ အတွင်းရှာဖွေပေးနိုင်မည်ဖြစ် ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.