Connect with us

Videos

တရုတ်နိုင်ငံ CITIC Group မှ မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ငွေကျပ် ၁ ဘီလီယံကျော် ထုတ်ချေး

ကျောက်ဖြူ၊ မေ ၂၁ ရက် (ဆင်ဟွာ)

ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ စီမံကိန်းအရ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အတွင်းရှိ ကျေးရွာ ၅၀ မှ တောင်သူ လယ်သမားများကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ CITIC Group မှ မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု တိုက်ဖျက်ရေးကို အထောက်အကူ ဖြစ်စေရန် အတွက် ငွေကျပ် ၁.၅ ဘီလီယံ ထုတ်ချေး လျှက်ရှိကြောင်း CITIC ဆောက်လုပ်ရေး ကုမ္ပဏီ ဒုတိယ အထွေထွေ မန်နေဂျာ Mr. Frank Ma Chuanfu က ပြောကြားပါတယ်။

၎င်း စီမံကိန်းအရ ပထမ အကြိမ်အဖြစ် ကျောက်ဖြူမြို့နယ် အတွင်းရှိ ကျေးရွာ ၂၅ ရွာတွင် ၂၀၁၅ ခုနှစ် မတ်လ မှ စတင်ကာ ဒေသခံများအား ချေးငွေ ထုတ်ပေးခဲ့ပြီး ဒုတိယအကြိမ် အဖြစ် ထပ်မံ၍ မေလ ၂၁ ရက်နေ့တွင် နောက်ထပ် ကျေးရွာ ၂၅ ရွာကို ချေးငွေ များ ချေးပေးရန် လျှောက်လွှာများ စတင် လက်ခံလျှက် ရှိပါတယ်။

စေတီရ ကျေးရွာမှ ဒေသခံ မောင်ရဲဇော်က ဆင်ဟွာ ကိုအခုလို ပြောပါတယ်။

ငွေချေးလိုသူများ အနေဖြင့် လုပ်ကိုင်လိုသည့် လုပ်ငန်း အစီအစဉ် တင်ပြကာ ချေးငွေများ လျှောက်ထားရမည် ဖြစ်ပြီး ၊ ယင်း ရန်ပုံငွေကို သက်ဆိုင်ရာ ရွာမှ ရွေးကောက် တင်မြှောက်ထားသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကော်မတီ၏ အစီအမံဖြင့် အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်။

စေတီရ ကျေးရွာမှ လယ်ယာ လုပ်ငန်းလုပ်နေတဲ့ ဒေါ်မြက ဆင်ဟွာ ကိုအခုလို ပြောပါတယ်။

ယခု စီမံကိန်း ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန် တို့၏ ရှေ့မှောက်တွင် CITIC Group နှင့် မြန်မာနိုင်ငံ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့သည် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး ခဲ့တယ်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.