Connect with us

Videos

COVID-19 ရိုက်ခတ်မှုကြောင့် ခေတ်စားလာသည့် capsule hotelများ

 

ဘိုဂိုတာ၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံတွင် COVID-19 ကူးစက်ရောဂါကြောင့် social distancing စနစ်ကိုကျင့်သုံးလျက်ရှိရာ လက်ရှိတွင် တစ်ယောက်ခန်း (caspule hotel ) များရေပန်းစားလူကြိုက်များလာကြောင်း သိရသည်။  ကိုလံဘီယာနိုင်ငံ၏ မြို့တော် ဘိုဂိုတာတွင် လက်ရှိအချိန်၌ capsule hotel ၂ လုံး ဖွင့်လှစ်ထားပြီး ထပ်မံတိုးချဲ့ရန် စီစဉ်ထားကြောင်းသိရသည်။  

ယင်းတို့အနက် Caps  Future Rooms ဟိုတယ် ၏ အထွေထွေမန်နေဂျာ  Alvaro Ovalle က “ကျွန်တော်တို့အနေနဲ့ ဒီလို capsule hotel တွေ လုပ်လိုက်တာ ပုံမှန် budget hotel တွေထက်  ပိုပြီး တွက်ချေကိုက်လာပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့်တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာ သီးသန့်နေထိုင်ဖို့ပိုပြီးအထောက်အကူဖြစ်ပါတယ်။ ပုံထဲမှာ မြင်တွေ့ရသလိုပါပဲ အခန်းတစ်ခုချင်းစီကို သေသေချာချာ ကာရံထားတာဆိုတော့တစ်ဦးနှင့်တစ်ဦး ထိတွေ့ခွင့်လုံးဝကိုမရှိတော့ပါဘူး။ ဒါဟာသာမန် budget hotel တွေထက် အများကြီးသာလွန်ကောင်းမွန်တဲ့ ဝန်ဆောင်မှုဖြစ်လာပါတယ်” ဟုဆိုသည်။ 

လက်ရှိတွင် capsule hotelများ၌ ပုံမှန်ဟိုတယ်များထက်ဧည့်သည်ဝင်ရောက်မှု ၂၀ရာခိုင်နှုန်းပိုမိုများပြားနေရှိသည်။ capsule hotel များတွင် ပိုးသတ်ဆေးဖျန်းခြင်းကဲ့သို့ လုံခြုံစိတ်ချရစေသည့်အစီအမံများကိုလည်းဆောင်ရွက်ထားရှိကြောင်းသိရသည်။ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် စတင် ခဲ့သည့် capsule hotelများသည် တစ်ဦးချင်းစီလွတ်လပ်စွာတည်းခိုနိုင်သည့်အပြင် ငွေကုန်ကြေးကျလည်းသက်သာသောကြောင့် လက်ရှိတွင် ကိုလံဘီယာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး၌ ရေပန်းစားလျက်ရှိနေသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.