Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
COVID-19 ကပ်ရောဂါကာလ တရုတ်-မြန်မာ နှစ်နိုင်ငံ အပြန်အလှန် ကူညီဖေးမပေးကြသည့် ပုံရိပ်များအား “အနီးဆုံး ဒို့တွေ လက်…..တွဲကာ” တေးသီချင်းဖြင့် တရုတ်နိုင်ငံ တက်ဟုန်းမှ ရိုက်ကူးတင်ဆက်  - Xinhua News Agency
Connect with us

Videos

COVID-19 ကပ်ရောဂါကာလ တရုတ်-မြန်မာ နှစ်နိုင်ငံ အပြန်အလှန် ကူညီဖေးမပေးကြသည့် ပုံရိပ်များအား “အနီးဆုံး ဒို့တွေ လက်…..တွဲကာ” တေးသီချင်းဖြင့် တရုတ်နိုင်ငံ တက်ဟုန်းမှ ရိုက်ကူးတင်ဆက် 

 တက်ဟုန်း၊ မေ ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသည့်အခါ  မြန်မာနိုင်ငံအစိုးရနှင့် လူမှုအဖွဲ့အစည်း နယ်ပယ်အသီးသီးက တရုတ်နိုင်ငံ၏ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ထောက်ခံအားပေးကူညီဖေးမပေးခဲ့ကြသလို မြန်မာနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားသောအခါ ကနဦးကာလမှာပင် တရုတ်နိုင်ငံ အစိုးရနှင့်လူမှုအဖွဲ့အစည်းနယ်ပယ်အသီးသီးကလည်း ပထမဆုံး မြန်မာနိုင်ငံသို့ အပြေးလာရောက်ကူညီခဲ့ကြရာ  တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် ကံကြမ္မာတူ အကျိုးတူ အသိုက်အဝန်းစိတ်ဓာတ်ကို လက်တွေ့သာဓကအနေဖြင့် ထင်ဟပ်ပြသနိုင်ခဲ့သည်။ 

တောတောင်ရေမြေချင်းဆက်စပ်နေသည့် တရုတ်-မြန်မာနှစ်နိုင်ငံ ဆွေမျိုးပေါက်ချစ်ကြည်ရေးသည် ရှေးပဝေသဏီကတည်းက တည်တန့်လာရာ တစ်ဦးတစ်ဖက် အခက်အခဲကြုံတွေ့သည့်အခါ တွေဝေတုန့်ဆိုင်းခြင်းမရှိ နွေးထွေးစွာ လက်ကမ်းဖေးမကြစမြဲပင်ဖြစ်ရာ ၎င်းမှာ ဆွေမျိုးပေါက်ဖောက်ချစ်ကြည်ရေးနှင့် အပြန်အလှန် ကူညီစောင့်ရှောက်မှုပင် ဖြစ်ပါသည်။

“အနီးဆုံးဒို့တွေ လက်…..တွဲကာ”တေးသီချင်းသည်  တစ်ကမ္ဘာလုံး COVID-19 တိုက်ဖျက်ရေးကို  အရှိန်မြင့်တင်ဆောင်ရွက်နေသည့် ကာလတွင် သရုပ်ဖော်ရေးသားဖန်တီးထားခြင်းဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ လက်ချင်းယှဉ်တွဲ အခက်အခဲများကို ကျော်ဖြတ်ကြသည့် လက်တွေ့ဖြစ်ရပ်များ၏ ပုံရိပ်များကို သရုပ်ဖော်ထားခြင်းဖြစ်ရာ တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရ၏ တာဝန်ယူမှုနှင့်အကျိုးထမ်းဆောင်မှုများကို ပေါ်လွင်ထင်ရှားစေပေသည်။

တရုတ်-မြန်မာနှစ်နိုင်ငံအကြား စိတ်တူကိုယ်တူ ပူလောင်မှုအခက်အခဲအကျပ်အတည်းကြား အပြန်အလှန် အေးမြသည့် ရေချမ်းလက်ကမ်းပေးကြသည်မှာ ရောင်းရင်းညီအကိုများ၏ တစ်ဦးအပေါ်တစ်ဦးအပြန်အလှန်ထားရှိသည့် သံယောဇဉ်ဖြစ်ရာ အိမ်နီးချင်းနိုင်ငံအကြား စေတနာမေတ္တာအရင်းခံ၍ သဘောထားကြီးစွာ ချစ်ကြည်ရင်းနှီးမှုဖြင့် အပြန်အလှန်ဖေးမကူညီကြသည့်  သံတမန်ဆက်ဆံရေးနှင့် လူသားမျိုးနွယ်တို့၏ ကံကြမ္မာတူအကျိုးတူ အသိုက်အဝန်း ခံယူချက်၏ ပုံရိပ်များပင်ဖြစ်သည်။ 

ဗိုင်းရပ်စ်ရောဂါပိုးသည် လူသားတို့၏ဘုံရန်သူဖြစ်ရာ သဘောသဘာဝကို ဂဃနဏမသိရသေးသော ကိုရိုနာဗိုင်းရပ်စ်နှင့် ရုတ်ချည်းဖြစ်ပွားနေသည့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီးကို ရင်ဆိုင်ရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံနယ်နိမိတ်မခြား၊ အသားအရောင်မခြား၊ စည်းလုံးညီညွတ်စွာ လက်တွဲအတူ ကပ်ရောဂါကို တိုက်ဖျက်သွားရမည် ဖြစ်ပါတော့သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.