Videos
COVID-19 ကပ်ရောဂါကြီးကိုကျော်လွှားပြီးနောက် ဟူပေပြည်နယ် တွင် တံတားသစ်ကြီးတစ်စင်းကိုပထမဆုံး ဖွင့်လှစ်
ဟူပေ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟူပေပြည်နယ် ရှန်းယန်မြို့တွင် ဖုန်းချူဟန်ကျန်းမြစ်ကူးတံတားကြီးကို ဇွန်လ ၂၄ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။
၎င်းမှာ ဟူပေပြည်နယ်အတွင်း COVID-19 ကပ်ရောဂါကြီးကို အောင်မြင်စွာကျော်လွှားခဲ့ပြီးနောက် ပထမဆုံးနှင့်အကြီးဆုံးဖွင့်လှစ်ပေးသည့် တံတားကြီးတစ်စင်းလည်းဖြစ်ခဲ့သည်။
မျှော်စင် ၃ ခုပါဝင်သည့် ကြိုးတံတားကြီးမှာ ၇၅၆ မီတာအရှည်ရှိပြီး ပင်မတံတားအကျယ်မှာ ၃၇၈ မီတာရှိကာ တစ်နာရီလျှင်၆၀ ကီလိုမီတာအမြန်နှုန်းဖြင့်မောင်းနှင်ပြေးဆွဲရန် ဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ်သည်။
မြို့အတွင်းယာဉ်ကြောပိတ်ဆို့မှုကိုဖြေလျှော့ရန်နှင့် ဒေသတွင်း စီးပွားရေးပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ကာ ထိုတံတားကိုတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)