Videos
ပါကစ္စတန်နိုင်ငံတွင် တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးသော COVID-19ရောဂါ သီးခြားခွဲထားကုသရေးဆေးရုံ အောင်မြင်စွာပြီးစီး
အစ္စလာမ်မာဘတ်၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံတွင် တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးသော COVID-19ရောဂါ သီးခြားခွဲထားကုသရေးဆေးရုံ အောင်မြင်စွာပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးရုံ(IHITC)ဖွင့်ပွဲအခမ်းအနားကို မြို့တော် အစ္စလာမ်မာဘတ်တွင် ကျင်းပရာ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Imran Khanက တက်ရောက်ခဲ့သည်။ IHITCဆေးရုံကို တရုတ်နိုင်ငံ၏ကူညီထောက်ပံ့မှုဖြင့် ရက် ၄၀ အတွင်း အပြီးတည်ဆောက်ခဲ့ရာ လူနာဆောင် ၅ ခု နှင့် လူနာကုတင်ပေါင်း ၂၅၀ ပါဝင်ကြောင်း သိရသည်။ (Xinhua)