Videos
တရုတ်နိုင်ငံတွင်မြို့သစ်စီမံကိန်းကို COVID-19 ကြောင့်ခေတ္တရပ်နားထားခဲ့ရာမှ ယခု ပြန်လည်စတင်
ဟဲပေ၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)
အနာဂတ် ၏ မြို့တော် “city of the future” ဟု တင်စားခေါ်ဝေါ်သည့် Xiongan မြို့သစ်ဧရိယာကို တရုတ်နိုင်ငံ တစ်ဝန်းဖြစ်ပွားခဲ့သည့် COVID-19 ကပ်ရောဂါကြောင့် တည်ဆောက်ရေး လုပ်ငန်းများ ရပ်နားထားခဲ့ရာမှ ယခုတွင် ပြန်လည်စတင် နေပြီဖြစ်သည်။ တရုတ်နိုင်ငံ ဟဲပေပြည်နယ်တွင် အကောင်အထည် ဖော်လျက်ရှိသည့် Xiongan မြို့သစ်တွင် အဓိက စီမံကိန်းကြီးပေါင်း ၁၁၀ ခန့် ဆောင်ရွက်မည်ဟု ယခုနှစ် ၂၀၂၀ပြည့်နှစ်တွင် တရားဝင်ကြေညာခဲ့ပြီး ဇူလိုင်လကုန်ပိုင်းတွင် ယင်းတို့အနက် စီမံကိန်း ၆၉ ခုကို ပြန်လည် စတင်နေပြီဖြစ်သည်။ ထိုမြို့သစ် ဧရိယာ သည် မြို့တော် ပေကျင်း၏ အနောက်တောင်ဘက် ၁၀၀ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ Xiongan မြို့သစ်ကို တီထွင်ဆန်းသစ်မှုများဖြင့် တည်ဆောက်နေပြီး နေချင့်စဖွယ် စီးပွားရေးဖြစ်ထွန်းသည့် ဧရိယာသစ်တစ်ခုအဖြစ် ဖော်ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)