Videos
တရုတ်နိုင်ငံ မြောက်ဘက်စွန်းပိုင်းမြို့တွင် လူ ၄ ဦးလျှင် ၁ ဦးနှုန်း COVID-19 ကာကွယ်ဆေးထိုးနှံပြီးဖြစ်
ဟေးလုံကျန်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်ရှိ တရုတ်နိုင်ငံနှင့် ရုရှားနှစ်နိုင်ငံ နယ်စပ်မြို့ Mohe တွင် နေထိုင်သည့် ပြည်သူ ၁၁,၀၀၀ ဦးအား COVID-19 ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ပြည်တွင်းကျန်းမာရေးဗျူရိုမှ ထုတ်ပြန်သည့်သတင်းများအရသိရသည်။
ထိုမြို့တွင် လူဦးရေ ၄၀,၅၁၂ ဦးရှိရာ အသက် ၁၈ နှစ်အထက်လူဦးရေမှာ ၃၆,၀၇၃ ဦးရှိပြီး COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူအရေအတွက်မှာ ၂၈,၈၅၈ ဦး ခန့်ရှိလိမ့်မည်ဟုသိရသည်။
Mohe မြို့အတွင်းကာကွယ်ဆေးထိုးနှံနေမှုများကို ဆင်ဟွာသတင်းထောက် Wang Junbaoမှ သွားရောက်ရိုက်ကူးတင်ဆက်ထားပါသည်။ (Xinhua)