Connect with us

Videos

အိန္ဒိယတွင် COVID-19 ကူးစက်ခံရမှု ၁၇ သန်းကျော် ရှိလာပြီး အောက်ဆီဂျင်မလုံလောက်မှု ကြုံတွေ့လျက်ရှိ

နယူဒေလီ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ)

အိန္ဒိယ နိုင်ငံတွင် ပြီးခဲ့သည့် တနင်္လာနေ့အထိ ရရှိထားသောစာရင်းများအရ COVID-19 ကူးစက်ခံရသူဦးရေမှာ ၁၇ သန်းကျော်ရှိလာခဲ့ပြီး ၂၄ နာရီအတွင်းအသစ်ထပ်မံကူးစက်ခံရမှု ၃၅၂,၉၉၁ ဦး ရှိခဲ့ကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ရက်များက နိုင်ငံအတွင်း COVID-19 ကုသပေးသည့် ဆေးရုံများတွင် အောက်ဆီဂျင်ပြတ်လတ်မှုများ ကြုံတွေ့ခဲ့သည်။ အောက်ဆီဂျင် လုံလောက်စွာမပေးနိုင်သောကြောင့် လူနာအချို့မှာ သေဆုံးခဲ့ရသည်။
အဆိုပါပြဿနာအားဖြေရှင်းရန် ဆေးရုံသုံး အောက်ဆီဂျင်ထုတ်လုပ်ရေးစက်ရုံ ၅၅၁ ရုံကို အိန္ဒိယ နိုင်ငံ တစ်နံတစ်လျားတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်သည်။
ထို့အပြင် COVID-19 ကာကွယ်ဆေးများ၊ ဆေးဘက်ဆိုင်ရာသုံး အောက်ဆီဂျင်များ နိုင်ငံအတွင်းတင်ပို့မှုကို ၃ လတိတိ အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားသည်။

အိန္ဒိယနိုင်ငံ ရှိ ကာကွယ်ဆေးစင်တာများ၌လည်း ကာကွယ်ဆေးမလုံလောက်မှု ပြဿနာဖြင့် ကြုံတွေ့နေရကြောင်း ပြည်တွင်းမီဒီယာများက ထုတ်ပြန်သည်။တစ်ချိန်တည်းမှာပင် နိုင်ငံတစ်ဝန်းလုံး ဇန်နဝါရီ ၁၆ ရက်မှ စကာ ပြည်လုံးကျွတ် ကာကွယ်ဆေးထိုးနှံမှုများဆောင်ရွက်ခဲ့ရာတွင် ပြည်သူ သန်း၁၄၀ ကျော် ကာကွယ်ဆေးထိုးနှံခဲ့ပြီးဖြစ်ကြောင်း သိရ သည်။
အိန္ဒိယနိုင်ငံတွင် လက်ရှိ ဖြစ်ပွားနေသည့် COVID-19 ဒုတိယလှိုင်း သည် မေလလယ်တွင် အဆိုးဆုံးအခြေအနေသို့ရောက်ရှိနိုင်ကြောင်း ပြည်တွင်းမီဒီယာများက ထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.