Videos
သီရိလင်္ကာတွင် ရေကြီးရေလျှံမှု ကာကွယ်နိုင်မည့်မြေအောက်ဥမင်တစ်ခုကို တရုတ်CPPEက ဖောက်လုပ်နေ
ကိုလံဘို၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘို တွင် ရေကြီးရေလျှံမှုအန္တရာယ်ကို ကာကွယ်နိုင်ရန် တရုတ်နိုင်ငံက ထုတ်လုပ်သည့် ရေဆိုးစွန့်ဥမင်တူးဖော်စက်ကြီး တစ်လုံး ဖြင့် မြေအောက်ရေဆိုးစွန့်ဥမင်ကြီးတစ်ခု ဖောက်လုပ်လျက်ရှိသည်။ Mutwal ဥမင်အသစ်ကြီးကို တရုတ်နိုင်ငံ China Petroleum Pipeline Engineering (CPPE) ကုမ္ပဏီက ဦးဆောင်ဖောက်လုပ်နေခြင်းဖြစ်သည်။ အဆိုပါ ဥမင်ကြီးသည် အရှည် ၇၇၈ မီတာ ရှိပြီး ရေလွှမ်းမိုးမှု အန္တရာယ်အမြင့်ဆုံး ဖြစ်ပေါ်နေသည့် ကိုလံဘိုမြို့ရှိ လူနေအထူထပ်ဆုံးရပ်ကွက်များကို ဖြတ်သန်း ဖောက်လုပ် လျက်ရှိသည်။ မိုးသည်းထန်စွာရွာသွန်းပါက မိုးရေများကို ထိုဥမင်မှတစ်ဆင့် ပင်လယ်အတွင်းသို့ စွန့်ထုတ်နိုင်ရန်အစီအမံဖြင့်ဖောက်လုပ်ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)