Videos
အရိုးပြာများကို ပုံဆောင်ခဲ crystal တုံးလေးများအဖြစ်ပြောင်းလဲ သိမ်းဆည်းနိုင်
ဟန်ကျိုး၊ဧပြီ ၁ဝ ရက် (ဆင်ဟွာ)
ကွယ်လွန်သွားပြီဖြစ်တဲ့ မိမိ၏ ချစ်လှစွာသောသူများ၏ အရိုးပြာများကို အမြဲထိန်းသိမ်းထားနိုင်မည့် နည်းလမ်းသစ်တစ်ခုပေါ်ထွက်လာပြီဖြစ်သည်။ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်း ၊ ဟန်ကျိုးတွင် အရိုးပြာများကို မီးအပူချိန်ပြင်းပြင်းဖြင့်အရည်ပျော်စေပြီး ပုံဆောင်ခဲcrystal ပုတီးစေ့များအရွယ် ချုံ့ပေးနိုင်သည်။ ၎င်းတို့မှာ အရောင်အနေဖြင့် အဖြူ၊ အမဲ နှင့် မီးခိုးရောင်များဖြစ်လာသည်။ ထိုသို့ အရိုးုပြာများကိုပြောင်းလဲမှု လုပ်ငန်းစဉ်အတွက် ကြာချိန်မှာ ၁နာရီခန့်သာရှိသည်။ ၎င်းတို့ကို life crystal များလို့ခေါ်ပြီး အိမ်တွင်ဖြစ်ဖြစ်သိမ်းထားနိုင်ပြီး ရတနာများနှင့်လည်း တွဲဖက်ဝတ်ဆင်နိုင်ကြောင်း၊ ထိုသို့ပြုလုပ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်ကြောင်းသိရသည်။ (Xinhua)