Connect with us

Videos

ကမ္ဘာ့ပထမဆုံးခရီးသည်ပို့ဆောင်ပေးမည့် Drone Taxi Ehang 184 အား မကြာမီအသုံးပြုနိုင်တော့မည်

ကွမ်ကျိုး၊ဖေဖော်ဝါရီ ၇ရက်(ဆင်ဟွာ)

ကမ္ဘာ့ပထမဆုံးခရီးသည်ပို့ဆောင်ပေးမည့် Drone Taxi များကို တရုတ်နိုင်ငံတွင် မကြာမီအသုံးပြု နိုင် တော့မည်ဖြစ်သည်။ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကွမ်ကျိုးအခြေစိုက် Ehang drone ကုမ္ပဏီက၎င်း၏ နောက်ဆုံးအဆင့်စမ်းသပ်ပျံသန်းမှုကို ဖေဖော်ဝါရီလ ၆ ရက်နေ့ကပြုလုပ်ခဲ့သည်။

Ehang 184 အမျိုးအစား ခရီးသည်တင် drone မှာ ခရီးသည်တစ်ဦးကို တစ်နာရီကို ၁၃ဝ ကီလိုမီတာအထိ ပို့ဆောင်ပေးနိုင်သည်။ အလိုအလျောက်မောင်းစနစ်ပါဝင်သည့် ထို ခရီးသည်တင်drone မှာ လုံခြုံစိတ်ချမှု အပြည့်အဝရှိကာ မကြာမီတွင် အများပြည်သူအသုံးပြုနိုင်တော့မည်ဟု ကုမ္ပဏီကသတင်းထုတ်ပြန်သည်။

စမ်းသပ်ပျံသန်းမောင်းနှင်မှုကိုကူညီခဲ့သူခရီးသည် ၄ဝဦးအနက် ကုမ္ပဏီတည်ထောင်သူဥက္ကဋ္ဌ Hu Huazhi နှင့် ကွမ်ကျိုးမြို့ ဒုတိယမြို့တော်ဝန် Wang Dong တို့လည်းလိုက်ပါစီးနင်းခဲ့ကာမောင်းသူမဲ့ခရီးသည်တင် အဌားယာဉ်များ က လုံခြုံစိတ်ချရမှုနှင့် တည်ငြိမ်မှုတို့ကို သက်သေပြသနိုင်ခဲ့ကြောင်းပြောခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.