Videos
Florence ဟာရီကိန်းကြောင့် အမေရိကန်တွင် သေဆုံးသူ ၂၃ ဦး ရှိ
ဝါရှင်တန်၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံ အရှေ့ကမ်းရိုးတန်းရှိ မြောက်ကာရိုလိုင်းနား နှင့်တောင်ကာရိုလိုင်းနား ပြည်နယ်များ တွင် Florence ဟာရီကိန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူ ၂၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
Florence ဟာရီကိန်းသည် စက်တင်ဘာ ၁၄ ရက်တွင် အမေရိကန် အရှေ့ပင်လယ်ကမ်းခြေကို ရောက်ရှိ လာပြီး အားပျော့သွားခဲ့ကြောင်း၊ လက်ရှိတွင် အပူပိုင်းလေဖိအားနည်းရပ်ဝန်းအဖြစ်ရှိနေပြီး လေတိုက် နှုန်းမှာ တစ်နာရီလျှင် ၆၁ ကီလိုမီတာ အောက် တိုက်ခတ်လျှက်ရှိသော်လည်း တောင် ကာရိုလိုင်းနား ပြည်နယ် ၊မြောက်ကာရိုလိုင်းနားပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းမည်ဖြစ် ကြောင်း သိရ သည်။ (Xinhua)